ဘတ်သိန်းငါးဆယ် အကြွေးရရန်ရှိသည်ဆိုပြီး အမျိုးသမီးတစ်ဦးကို ပြန်ပေးဆွဲသူများ ဖမ်းမိ


ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့နယ် မိုင်းကိုး ကျေးရွာအုပ်စုဝမ်ကဲ(၁)ရွာတွင် ဘတ်သိန်းငါးဆယ် အကြွေးရရန် ရှိသဖြင့် အမျိုးသမီးတစ်ဦးကို ပြန် ပေးဆွဲသွားသူများအား မတ်လ ၂၅ ရက်က ဖမ်းဆီးမိ ခဲ့ကြောင်း သတင်းရရှိသည်။

မတ်လ ၂၂ ရက် ည ၈ နာရီ ခန့်တွင် ပြန်ပေးဆွဲမှုဦးဆောင်သူ အားဆစ်က ပြန်ပေးဆွဲခံရသည့် မနန်းအဲ၏ အမျိုးသားအိုက်မွန်းရှိလားဟုမေးမြန်းခဲ့သည်။ အိုက်မွန်းအစ်မက မရှိဘူးဟုပြောဆိုရာတွင် အိုက်မွန်း၏ အမျိုးသမီးကိုခေါ်ခိုင်းပြီး ကျန်သည့်အမျိုးသားနှစ်ဦးနှင့်အတူ ကားပေါ်သို့ခေါ် ဆောင်ကာ ပြန်ပေးဆွဲ ခဲ့ခြင်းဖြစ် သည်။

‘‘အိုက်မွန်းအစ်မ ဒေါ်နန်းလုံ က ပတ်ဝန်းကျင်ကိုအော်ပြီး အကူအညီတောင်းတယ်။ အား ဆစ်က ပစ္စတိုနဲ့ ချိန်ပြီးအော်ရင် ပစ်မယ်ဆိုတော့ သူလည်း မအော်ရဲတော့ဘူး။ အဲဒီည ၁၀ နာရီလောက်မှာ ရဲစခန်းကို သူ ကိုယ်တိုင်လာပြီး အမှုဖွင့်တိုင် ကြားတာပါ’’ဟု တာချီလိတ် ရဲစခန်းမှ ရဲအုပ်ဝင်းဌေးစိုးက ပြောသည်။

ပြန်ပေးဆွဲသွားသူများအား တာချီလိတ်မြို့မရဲစခန်းမှ တာဝန် ရှိသူများနှင့် မိုင်းကိုးပြည်သူ့ စစ် အဖွဲ့ခေါင်းဆောင်ဦးကျအူအဖွဲ့ တို့ ပူးပေါင်းရှာဖွေဖမ်းဆီးပြီး မတ်လ ၂၅ ရက် ည ၈ နာရီခန့်တွင် မိုင်း ကိုးကျေးရွာတွင် အားဆစ်နှင့်အတူ နှစ်ဦးကို ဖမ်းဆီးရမိခဲ့သည်။

‘‘သူ့ကိုမိတော့ စပြီးစစ်ဆေး တယ်။ သူပိုင်တဲ့ရော်ဘာခြံထဲကို ဝင်စစ်တော့ သေနတ်အတိုလေးလက်၊ ပွိုင့် (၂၂) သေနတ်အရှည်တစ်လက်နဲ့အတူ သေနတ်မှာသုံးတဲ့ ကျည်ဆန်တွေပါမိတယ်။ အားဆစ်အပါအဝင် ရှစ်ယောက်မိတယ်။ ဒီနေ့ ၂၆ ရက်မှာ သူ့တပည့်နှစ်ယောက်ရယ်၊ သေနတ်တစ်လက်ရယ်၊ ကျည်ခြောက်တောင့်ထပ်မိတယ်’’ဟု ကျိုင်းတုံရဲစခန်းမှ တာဝန်ကျ ရဲအရာရှိတစ်ဦးကပြောသည်။

ပြန်ပေးဆွဲသူများကို ထပ်မံ စစ်ဆေးရာတွင် ၎င်းတို့ခေါ် ဆောင်လာသည့် မနန်းအဲကို ဝမ် ကောင်းရပ် ကွက်ရှိ ၎င်း၏နေအိမ် တွင်ထားရှိကြောင်း စစ်ဆေးပေါ် ပေါက်ခဲ့သည်။

ဖမ်းဆီး ရမိထားသည့် တရားခံ ၁၀ ဦးကို တာချီလိတ် မြို့မရဲစခန်းမှ ပြစ်မှုပုဒ်မ ၄၅၈/ ၃၆၅ ဖြင့်အမှုဖွင့် စစ်ဆေးလျက်ရှိ သည်။ ယခုနှစ်အတွင်း ငွေကြေး ကိစ္စနှင့်ပတ်သက်ကာ ပြန်ပေးဆွဲ မှုနှစ်ခုဖြစ်ပွားခဲ့ပြီး နှစ်မှုစလုံး ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့သည်။

7 Day

မှတ်ချက်များ