![]() |
| သမ္မတ ဦးသိန်းစိန်နဲ့ တရုတ်သမ္မတ ရှီကျင်ပင်းကို ၂၀၁၄ ခုနှစ်က တွေ့ရစဉ် (Credit: Reuters) |
ဒီလအစောပိုင်းတုန်းကပဲ မြန်မာ လေတပ်ဘက်ကနေ ပစ်ချတဲ့ ဗုံးကြောင့် တရုတ် အလုပ်သမား ငါးယောက် သေဆုံးပြီးတဲ့နောက် သတိနဲ့ လုပ်ဆောင်ဖို့ တရုတ်က မြန်မာစစ်တပ်ကို သတိပေးထား ပါတယ်။
ဒါပေမဲ့လည်း အရင်တပါတ် တုန်းကပဲ ယူနန်ပြည်နယ်ထဲကို ဗုံးတွေ ထပ်မံ ကျရောက်လာတယ် ဆိုတဲ့ ဓာတ်ပုံတွေ ထပ်မံ ထွက်ပေါ်လာပြီးနောက် သတင်းမှန် ဟုတ်မဟုတ် တရုတ် အစိုးရက စုံစမ်းနေတာ ဖြစ်ပါတယ်။
လူငါးယောက် သေဆုံးခဲ့ရတဲ့ ကိစ္စမှာလည်း တရုတ်နဲ့ မြန်မာတို့ သုံးရက်ကြာ ပူးပေါင်းစုံစမ်းမှု လုပ်ခဲ့ကြပေ မယ့် အဖြေတွေကိုတော့ ပြောပြခြင်း မရှိခဲ့ပါဘူး။
ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့တုန်းကတော့ လာရှိုးမြို့ စစ်တပ်စခန်းတစ်ခု ဗုံးနှစ်လုံးနဲ့ ပစ်ပေါက်ခံခဲ့ရပေမယ့် ဒဏ်ရာရ သူတွေ မရှိခဲ့ဘူးလို့ မြန်မာရဲ အရာရှိ တစ်ဦးက ပြောပါတယ်။
ABC Radio Australia

မှတ်ချက်များ