လားရှိုးမြို့က ကိုးကန့် လင်မယား အဆိပ်သောက် သေဆုံး


သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့၌ အဆိပ်ခတ်ထားသော အရက် သောက် မိသည့် ကိုးကန့် လူမျိုး လင်မ ယား သေဆုံးခဲ့ သည့် ဖြစ်ရပ်တစ်ခုဖြစ်ပွားခဲ့ေ ကြာင်း သိရသည်။

မတ်ခ်ျလ ၂၅ ရက်နေ့ ညနေပိုင်း လားရှိုးမြို့ ရက်ကွက် (၁) ကျောက်တောင် အပိုင်း၌ နေထိုင်သည့် အသက် ၆၂ နှစ်ရှိ အမျိုးသားနှင့် အသက် ၃၃ နှစ် ရှိ မြန်မာအမျိုးသမီး တို့လင်မယားသည် အဆိပ်ခတ်ထားသည့် အရက် အား သောက်ကာ ပျော်ပွဲစားသည့် အတွက် လင်မယား နှစ်ဦး လုံး သေဆုံး သွားသည်။

“သူ့ယောက်ကျားက လောက်ကိုင်မှာအလုပ်သွားလုပ်တယ်။ ဒီလ၂၄ ရက်နေ့ မှာလားရှိုးမြို့ ကိုပြန်လာတာ။ ၂၅ ရက်နေ့ ညနေပိုင်းတော့ သူတို့အိမ်မှာဘဲ အရက်ထိုင်သောက်ကြတယ် ။ ခရီးက ပြန်လာရင် ဒီတိုင်းဘဲ သောက်နေကျ သူတို့ လင်မယားက။ ” - ဟု အိမ်နီးနားချင်း တဦးက ပြောသည်။

၎င်းကိုယ်တိုင် အရက်အိုးအတွင်း အဆိပ်ခတ်ထားသည့်အဆိုပါ ကိုးကန့် အမျိုးသားက အရက်ပိုသောက် သဖြင့် နေအိမ်မှာပင်သေဆုံးကြောင်း၊ နောင်ဘ၀တွင်ထပ်မံဆုံတွေ့ဖို့အတွက် ထိုသို့လုပ်ရခြင်းဖြစ်ကြောင်း၊ ၎င်းအားခွင့်လွတ်ပေးပါရန် တောင်းပန်သွားကြောင်း၊ မသေခင်ခင်ပွန်းသည်က တောင်းပန်သည်ဟုလည်း ဇနီးဖြစ်သူက သက်မပျောက်ခင် ပြောပြသွား သည်ဟု ဆေးရုံရောက် မျက်မြင်တဦးက ပြောသည်။

“သူတို့သောက်တဲ့ အရက်ထဲမှာ အဆိပ်ပါတယ်။ အဲဒါ သူ့မိန်းမ ကမသိဘူး တဲ့သူတို့မှာကလေးနှစ်ယောက် ရှိတယ်လို့ကြားတယ်” ဟု ကျန်းမာရေး ထမ်း တစ်ဦးက ပြောသည်။

အဆိပ်သောက်သေဆုံးသွားသည့် လင်မယားသည် အမျိုးသားဖြစ်သူမှာ တိုက်ပွဲဖြစ်ပွား နေသည့် ကိုးကန့်
ဒေသဘက် စီးပွားရေးလုပ်ငန်းလုပ်ကိုင်နေသူတဦးဖြစ်ကြောင်း၊ ဇနီးသည်ကမူ မေမြို့(ပြင်ဦးလွင်)က မြန်မာ အမျိုးသမီးဖြစ်ကြောင်း၊ ၎င်းတို့သေဆုံးမှုသည် ကိုးကန့်အရေး အခင်းနှင့် သက်ဆိုင်သည်မဆိုင်သည်ကို
တော့ မသိရကြောင်း နီးစပ်သည့်အသိုင်း အဝိုင်းက ပြောသည်။

သျှမ်းသံတော်ဆင့်/ဖွေးနွမ်

မှတ်ချက်များ