ဆံပင်ပုံစံက မိမိရုပ်ကို အကျိုးသက်ရောက်စေနိုင်တာမို့ ဖြစ်နိုင်သလောက် အကောင်းဆုံး ညှပ်ချင်ကြပါ တယ်။ ကိုယ်နဲ့ မလိုက်ဖက်တဲ့ ဆံပင်ပုံစံမညှပ်မိအောင် အောက်ပါအချက် (၆) ချက်ကို သတိပြုဖို့လိုအပ်ပါ လိမ့်မယ်။
၁။ သင့်တော်မှန်ကန်တဲ့ အလှပြင်ဆိုင်ကို ရွေးချယ်ခြင်း
အပြင်မှာ ရိုးရာဆန်ဆန်၊ ခေတ်ဆန်ဆန် ဆံပင်ညှပ်ဆိုင်တွေနဲ့ အလှပြင်ဆိုင်တွေ ပုံစံမျိုးစုံရှိကြတယ်။ အဲ့ဒါကို သင်ဘယ်လို ရွေးချယ်မှုလုပ်မလဲ။ အကောင်းဆုံး နည်းလမ်းက မိမိသူငယ်ချင်း အပေါင်းအသင်း
တွေရဲ့ ပြောစကားမှ တဆင့် သို့မဟုတ် ကိုယ်တကယ် သဘောကျမိတဲ့ ဆံပင်ပုံစံရှိသူ တစ်စုံတစ်ယောက် ဆီကနေတဆင့် ရွေးချယ်တာ ကောင်းဆုံးဖြစ်ပါတယ်။
၂။ ဆံပင်မညှပ်မီ အရောင်တစ်ခုခု ဆိုးထားပါက မညှပ်ခင် ဒီအချက်ကို ထည့်စဉ်းစားခြင်း
သင်ဟာ ဆံပင်အရောင်ကို မညှပ်ခင် ထည့်မစဉ်းစားထားဘူးဆိုရင် ညှပ်ပြီးသွားရင် ကြည့်မလှစေတာတွေ ဖြစ်စေတတ်ပါတယ်။
၃။ ဆံပင်သား ကြမ်းမှု၊ ချောမှု အနေအထား
ဘယ်ဆံပင်အမျိုးအစားက ဘယ်လိုဆံပင်ပုံစံနဲ့ ပိုလိုက်တတ်လဲဆိုတာ အားလုံး ပိုသိကြပါတယ်။ ဒါကြောင့် မညှပ်ခင် မိမိဆံပင် အမျိုးအစားက အဖြောင့်လား၊ အကောက်လား သို့မဟုတ် ဆံပင်သားကြမ်းကြမ်းလား ဆိုတာ သိအောင်အရင်လုပ်ပါ။
၎။ မိမိရဲ့ နေပုံထိုင်ပုံ မိမိဆံပင်ပုံစံကို မိမိဘဝနေထိုင်မှုပုံစံနဲ့ လိုက်ဖက်ပါ့မလား ထည့်စဉ်းစားခြင်း
မိမိဟာ တစ်ချိန်လုံးလျှောက်သွားနေသူလား။ မိမိဆံပင်က အပြင်ထွက်ခါနီး ပုံသွင်းရ၊ ပြင်ဆင်ရနဲ့ ကိုယ့်ရဲ့ အချိန်တွေကို ဖြုန်းတီးစေပါသလား။ ဒါတွေကို အလှပြင်ဆိုင်မသွားခင် အဆင်သင့်ပြင်ဆင်ထားပါ။
၅။ အလှပြင်ဆရာဆီ ကိုယ်လိုချင်တဲ့ ဆံပင်ပုံစံကို ဓါတ်ပုံနဲ့ ယူလာပြခြင်း
အဲဒီလိုနည်းဖြင့် မိမိနဲ့လိုက်ဖက်မှုရှိမရှိ ဆွေးနွေးနိုင်ပါတယ်။
၆။ အဆင့်သင့်ဖြစ်နေခြင်း
ဆံပင်ပုံစံ အသစ်ပြောင်းဖို့ အဆင်သင့်ဖြစ်နေပါစေ။ ဆံပင်အရှည် သိသိသာသာ ညှပ်ထုတ်လိုက်ပါက ပြောင်းလဲမှုတွေကို အဆင်သင့် လက်ခံနိုင်အောင် လုပ်ပါ။ ပြန်ရှည်လာဖို့ဆို အချိန်ကြာနေမှာမို့ ဆံပင်ပုံစံ သစ် တကယ်လိုချင်လားဆိုတာ သေချာပါစေ။
Victor - Trend Myanmar

မှတ်ချက်များ