သုဘရာဇာကို တုန်လှုပ်သွားစေခဲ့တဲ့ သေရွာပြန် အမျိုးသမီး


ဂျာမနီနိုင်ငံမှ သုဘရာဇာ တစ်ဦးဟာ သူမြှပ်ဖို့ ကြိုးစားနေတဲ့ ခေါင်းတလားက အဖုံးပွင့်သွားကာ သေဆုံးသူ အမျိုးသမီးက ထလာပြီး “ငါဘယ်ရောက်နေတာလဲ” လို့ အမေးခံလိုက်ရတဲ့အခါ မှာ တုန်လှုပ်ခြောက်ခြား သွားခဲ့ရပါတယ်။

အသက် ၉၂ နှစ်ရှိနေပြီဖြစ်တဲ့ အမျိုးသမီးတစ်ဦးကို ဆရာဝန်တွေက သေဆုံးသွားပြီဖြစ်တယ်လို့ ကြေညာ ခဲ့တဲ့အတွက် Gelsenkirchen မြို့မှာရှိတဲ့ နေအိမ်ကနေ Munstermann သချိုင်းသို့ ထို အမျိုးသမီးရဲ့ အလောင်းကိုပို့ဆောင်ခဲ့တာဖြစ်ပါတယ်။

သုဘရာဇာက ထိုအမျိုးသမီးဟာ ခေါင်းတလားထဲကနေ မျက်လံးပွင့်လျက်ထွက်လာတာကို တွေ့လိုက် ရတဲ့အချိန်မှာတော့ သူမကို ချက်ချင်းဆေးရုံသို့ပြန်လည် ပို့ဆောင်ပြီး သူမရဲ့ မိသားစုဝင်တွေကိုလည်း သူမ မသေဆုံးသေးကြောင်း အကြောင်းကြားခဲ့ပါတယ်။

ရဲဝန်ထမ်းတွေဟာလည်း ဆရာဝန်တွေနဲ့ သူနာပြုတွေကို သေဆုံးကြောင်း မှားယွင်းစွာကြေညာ ခဲ့မှုအ တွက် တာဝန်ရှိသူတွေကို စစ်ဆေးမေးမြန်းခဲ့တယ်လို့ သိရပါတယ်။ ဆရာဝန်တွေရဲ့ ပြောကြားချက်အရ ထိုအမျိုးသမီးဟာ သူမနေအိမ် အိပ်ယာထဲမှာ အသက်မရှုတော့တဲ့အတွက် ဆရာဝန်တစ်ယောက်က သေဆုံးကြောင်း ကြေညာခဲ့ပြီး သုဘရာဇာက ခေါင်းတလားအတွင်း သွင်းရန် သယ်ဆောင်သွားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

Mario - Trend Myanmar

မှတ်ချက်များ