![]() |
| မတ်လ ၁၃ ရက်တွင် သာယာဝတီထောင်မှ ပြန်လည်လွတ်မြောက်လာသော သပိတ်မှောက်ကျောင်းသားတစ်ဦးဖြစ်သည့် ကိုရှိုင်းမင်းထက်ဇော်ကို တွေ့ရစဉ် (ဓာတ်ပုံ − ကျော်ဇင်သန်း) |
ပင်မသပိတ်စစ်ကြောင်းကို ရဲများက ဖြိုခွဲစဉ် ဖမ်းဆီး ခံခဲ့ရသည့် မြန်မာပို့စ်ဂလိုဘယ်ဂျာနယ်မှ အငယ် တန်းသတင်း ထောက် ကိုဉာဏ်လင်းထွန်းနှင့် The Reporter ဂျာနယ်မှ အကြီးတန်းသတင်းထောက် ကိုဖြိုးအောင်မြင့်တို့ကို စိစစ်ပြီး နောက် အဆိုပါအမှုနှင့်သက်ဆိုင်ခြင်း မရှိကြောင်း လက်မှတ်ရေး ထိုး၍ သာယာဝတီခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ မတ်လ ၁၃ ရက်တွင် ပြန်လွှတ်ပေးခဲ့ခြင်းဖြစ်သည်။
‘‘ရဲတွေက ကျောင်းသားတွေ ကို ဖမ်းတယ်။ ဘုန်းကြီးကျောင်း ထဲမှာလည်း ဖမ်းတယ်။ အကုန် ကုန်သွား တဲ့အချိန်မှာ ကျွန်တော် တို့နားမှာ သတင်းထောက်ငါး ယောက်လောက်ပဲ ရှိတယ်။ ရုတ် တရက်ကြီး တုတ်နဲ့ ပြေးဝင်လာတဲ့ ရဲနှစ်ယောက် တွေ့တယ်။ ကျွန်တော်က ထွက်ပြေးတဲ့အချိန် မှာ အရိုက်ခံရမယ်လို့ စဉ်း စားပြီးတော့ မတ်တတ်ရပ်ပြီးတော့ သတင်းထောက်ကတ်ပြတဲ့အချိန် မှာ ဖမ်းခေါ်သွားတယ်။ ထောင် ထဲမှာတော့ အရိုက်မခံရဘူး။ ဖမ်း ခေါ်သွားတဲ့ ဟိုင်းလတ်ကားပေါ် မှာတော့ အရိုက်ခံရတယ်။ ကျွန်တော်ပြန်လွတ်မယ့်နေ့ ရောက်တော့မှ ထောင်ပိုင်က မင်းသတင်းထောက်ဆိုတာ ခုမှ သိတယ်လို့ လာပြောတယ်’’ဟု The Re-porter ဂျာနယ်မှ အကြီးတန်းသတင်းထောက် ကိုဖြိုးအောင်မြင့်က ၎င်း၏အတွေ့အကြုံကို ပြောသည်။
မတ်လ ၁၃ ရက်တွင် ဖမ်း ဆီးခံရသည့် ကျောင်းသားများအနက်ကျောင်းသား ဆယ်ဦးကို ထပ်မံလွှတ်ပေး ရန် စီစဉ်ထားသော်လည်း ကျောင်းသားတစ်ဦး၏ မိဘများကို ဆက်သွယ်၍ မရ သောကြောင့် ၎င်းအား ပြန်လွှတ် ပေးခဲ့ရခြင်း မရှိကြောင်း ပဲခူးတိုင်း ဒေသကြီး ဒုတိယတိုင်းရဲတပ်ဖွဲ့ မှူး ရဲမှူးကြီးဝင်းစိန်က ပြောသည်။
‘‘ဒီနေ့ ကျောင်းသားကိုးဦး နဲ့ သတင်းထောက် နှစ်ဦးကို စိစစ် ပြီးတော့ ပြန်လွှတ်ပေးခဲ့တယ်။ သတင်းထောက်တွေကို ဒီအမှုနဲ့ သက်ဆိုင်ခြင်းမရှိကြောင်း လက် မှတ်ရေးထိုးပြီးတော့ ပြန်လွှတ် ပေးခဲ့တာပါ။ နောက်ရက်တွေမှာ ပိတ်ရက်မထားဘဲ ကျောင်းသား တွေကို ထပ်မံစိစစ်ပေးပြီးတော့ ပြန်လွှတ်ပေးဖို့ ရှိတယ်။ ကျန်တဲ့ သူတွေကို ပုဒ်မငါးခုနဲ့ တရားစွဲ သွားဖို့ ရှိပါတယ်’’ဟု ရဲမှူးကြီး ၀င်းစိန်က ဆိုသည်။
သပိတ်မှောက် ကျောင်း သားများကို ရဲများက ဖြိုခွင်းရာ တွင် အီးယူမှ သင်ကြားပေးထား သည့် ဖြိုခွင်းသည့် နည်းစနစ်ဖြစ် သော သုံးဦးတစ်ဦးဖြင့် ဖြိုခွင်းခဲ့ခြင်းဖြစ်ကြောင်း အထက်ပါ ရဲမှူးက ဆိုခဲ့သော်လည်း ပြန် လွတ်လာသည့် ကျောင်းသား၊ ကျောင်းသူများက ဖမ်းဆီးပြီး သည့် အချိန်ထိ အကြမ်းဖက် ရိုက်နှက်ခံရကြောင်း ပြောကြားသည်။
‘‘ရဲတွေက အလုံးအရင်းနဲ့ ၀င်ရိုက်တဲ့အချိန်မှာ ကျွန်တော်က အလံကိုင်ထားတယ်။ ကျွန်တော့် ကို ဆယ့်လေး၊ ငါးယောက် လောက် နံပါတ်တုတ်နဲ့ ၀င်ရိုက် တယ်။ ခြေထောက်တွေနဲ့ ကန် တယ်။ နောက်စေ့ ကွဲသွားတယ်။ မျက်နှာကို ဖိနပ်နဲ့ အကန်ခံရ တယ်။ ကျွန်တော်တို့ သူတို့ကို အေးအေးဆေးဆေး အဖမ်းခံ မယ်။ ဒီလိုမလုပ်ပါနဲ့ ပြောထား တာကို လုပ်တာ။ သူတို့ကို အီးယူ က သင်ပေးတာ ဒါမျိုးတွေ လုပ်ဖို့ မဟုတ်ဘူး’’ ဟု ဖမ်းဆီးခံရပြီး နောက် ထောင်ဆေးရုံသို့ တက် ရောက်ကုသခဲ့ရကာ ပြန်လည် လွတ်မြောက်လာခဲ့သည့် ရတနာပုံတက္ကသိုလ် ဒုတိယနှစ် ကျောင်းသား ရှိုင်းမင်းထက်ဇော်က ပြော ကြားသည်။
သာယာဝတီထောင်အတွင်း ဖမ်းဆီးခံရသည့် ပင်မသပိတ်စစ် ကြောင်းမှ ကျောင်းသားနှင့် ၀န်းရံသူ ၁၂၇ ဦးအနက် အမှန်တကယ် ကျောင်း တက်ရောက်နေသူများ နှင့် မပါဝင်သူများကို စစ်ဆေး၍ ထပ်မံ ပြန်လွှတ်ပေးမည်ဖြစ်ပြီး ကျန်ရှိသူများကို ပုဒ်မ ၁၄၃၊၁၄၅၊ ၁၄၇၊ ၃၃၂၊ ၅၀၅(ခ)တို့ဖြင့် တရားစွဲဆို မည်ဖြစ်ကြောင်း ရဲမှူးကြီး ၀င်းစိန်က ဆိုသည်။
အမှန်တကယ်တက္ကသိုလ် တက်ရောက်နေသည့် ကျောင်းသားများကို စိစစ်၍ မိဘများထံအကြောင်း ကြားကာ သာယာဝတီခရိုင်အုပ်ချုပ်ရေးမှူးရုံးမှတစ်ဆင့် မတ်လ ၁၂ ရက်တွင် ကျောင်းသား၊ ကျောင်းသူ ၁၇ ဦးနှင့် မတ်လ ၁၃ ရက်၌ ကျောင်းသား၊ ကျောင်းသူ ကိုးဦးနှင့် သတင်းထောက် နှစ်ဦး စုစုပေါင်း ၂၈ ဦး ပြန်လွှတ် ပေးခဲ့ သည်။ ဖမ်းဆီးခံရသော သံဃာ တော် ဆယ်ပါးကို မတ်လ ၁၁ ရက်တွင် ပြန်လွှတ်ပေး ခဲ့သည်။ သို့သော် ဖမ်းဆီးခံရသူ ၁၂၇ ဦး တွင် သံဃာဆယ်ပါးစာရင်းမပါသောကြောင့် အဖမ်းခံထားရသူ ၉၉ ဦး ကျန်နေသေးသည်။
ဇော်မျိုးလှိုင် ၊ ငြိမ်းငြိမ်းပြည့် - 7day

မှတ်ချက်များ