ခွင့်ပြုချက်ထက် ပိုမိုဆောက်ထားသည့် တော်ဝင် နှင်းဆီဆေးရုံ အထပ်ပိုများ ဖျက်သိမ်းရမည်


မန္တလေးမြို့တော်စည် ပင်သာယာရေးကော်မတီသတ်မှတ်ခွင့်ပြုထားသည့် အထပ် မြင့်ထက် ပိုမိုဆောက် လုပ်ထား သည့် တော်ဝင်နှင်းဆီဆေးရုံကို ဖျက်သိမ်းမည်ဖြစ်ကြောင်း သ တင်းရရှိသည်။

တောင်ဝင်နှင်းဆီဆေးရုံအ ဆောက်အအုံကို စည်ပင်က ငါး ထပ်အမြင့်သာဆောက်လုပ်ခွင့် ပြုခဲ့သော် လည်း ခုနစ်ထပ်အမြင့် ထိသတ်မှတ်ခွင့်ပြုချက်ထက်ပိုမို ဆောက်လုပ်ထား၍ ဖျက်သိမ်းရန်အသိပေး အကြောင်းကြားစာ ပေးပို့ထားသည်ဟု မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး ဦးခင်မောင်တင် ကပြောသည်။

‘‘လောလောဆယ်တော့ သူ တို့က အမှုအခင်းတွေနဲ့ တရားရုံး မှာ ရင်ဆိုင်နေရတာမို့ အမှုတွေ ပြီးပြတ် တဲ့အချိန်မှာ ဖျက်သိမ်းမှာ ဖြစ်ပါတယ်’’ဟု မန္တလေးစည်ပင် အတွင်းရေးမှူးဦးခင်မောင်တင် က ပြောသည်။

မန္တလေးမြို့ ချမ်းအေးသာစံ မြို့နယ် ဘူတာကြီးအနီးရှိ တော် ၀င်နှင်းဆီဆေးရုံကို နာမည်ကျော် စီးပွားရေး လုပ်ငန်းရှင်ဂရိတ်ဝေါ ဦးတင်မောင်က ပိုင်ဆိုင်ခြင်းဖြစ် သည်။ တော်ဝင်နှင်းဆီဆေးရုံသုံး လွှာတွင် တရုတ်နိုင်ငံသားများ တ ရားမ၀င်ဆေးခန်းဖွင့်လှစ်မှုဖြင့် လက်ရှိအချိန်၌ တော်ဝင်နှင်း ဆီဆေးရုံမှာ ကျန်းမာရေးဝန်ကြီး ဌာန၏ ဆေးရုံလိုင်စင်တစ်နှစ် ပိတ်သိမ်းခံထားရပြီး ပြီးခဲ့သည့် ဇန်န၀ါရီမှစတင်ကာ ဆေးရုံမှာ ပိတ်သိမ်းထားသည်။

မောင်တာ - 7day

မှတ်ချက်များ