နမ့်ဆော့ဗ်ကို သတ်ဖြတ်မှုတွင်ပါဝင်ကြောင်း ချေချင်းညာရဲတပ်ဖွဲ့ဝင်ဟောင်းဝန်ခံ
အတိုက်အခံ တက်ကြွ လှုပ်ရှားသူ ဘောရစ်နမ့်ဆော့ဗ် ကို ပြောင်ပြောင်တင်းတင်း လုပ် ကြံသတ်ဖြတ်မှုအ တွင်း ပါဝင် သည်ဟု ဝန်ခံထားသော ချေချင်း ညာဒေသမှ ဒုရဲမှူးဟောင်းတစ်ဦး အပါအဝင် လူနှစ်ဦးကို ယင်းလူ သတ်မှုနှင့် ပတ်သက်၍ ရုရှား တရားရုံးတစ်ရုံးက စွဲချက်တင် လိုက်သည်။
ရုရှားသမ္မတ ဗလာဒီမာပူ တင်ကို အချိန်ကြာမြင့်စွာ ဝေဖန် ခဲ့သူ နမ့်ဆော့ဗ်သည် ရည်းစားနှင့်အတူ လမ်းလျှောက်ပြန်လာစဉ် နောက်ကျောဘက်မှ သေနတ်ဖြင့် လေးချက်ပစ်သတ်ခံရပြီးနောက် သီတင်းတစ် ပတ်ကျော်ရုံ အချိန် တွင် မော်စကိုမြို့လယ်ရှိ တရားရုံးတစ်ရုံး၌ သံသယရှိသူငါးဦးကို ရုံးတင်စစ်ဆေးခဲ့သည်။
စွဲချက်တင်ထားခြင်းမရှိသူ သုံးဦးကို ယခုအခြေအနေတွင် သံသယရှိသူများအဖြစ်သာ သတ် မှတ်ထားသည် ဟု တရားရုံးပြော ရေးဆိုခွင့်ရှိသူအမျိုးသမီး အန်နာဖာဒီယီဗာက RIA နိုဗိုစတီသတင်း ဌာနအား ပြောကြား သည်။သံသယရှိသူ ငါးဦးစလုံးကို ထိန်းသိမ်းထားဆဲဖြစ်သည်။
ချေချင်းညာရဲတပ်ဖွဲ့တွင် ဒု ရဲမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ သူ ဇာအာဒါဒါယေ့ဗ်နှင့် မော်စကို မြို့ရှိ ပုဂ္ဂလိ ကလုံခြုံရေးကုမ္ပဏီ တစ်ခု၌ အလုပ်လုပ်ခဲ့ဖူးသူ အန်ဇွာဂူဘာရှေ့ဗ်တို့ကို မတ်လ ၇ ရက်က ချေချင်းညာဒေ သနှင့်ကပ် လျက် အင်ဂတ်ခ်ျဟီတီယာဒေသတွင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
၎င်းတို့နှစ်ဦးစလုံးကို လူသတ်မှုဖြင့် စွဲချက်တင်ထားသော်လည်း ဂူဘာရှေ့ဗ်က ငြင်းဆိုထားသည်။
ဒါဒါယေ့ဗ်၏ လူသတ်မှုတွင် ပါဝင်ခဲ့ခြင်းကို ၎င်း၏ခံဝန်ချက်အ ရ အတည်ပြုထားသည်ဟု ယင်း အမှုအ တွက် တာဝန်ယူထားသည့် တရားသူကြီး နာတာလီယာမက်ခ်ျ နီကိုဗာက ပြောကြားသည်။
သို့သော် နမ့်ဆော့ဗ်ကို ၎င်း တို့ သတ်ဖြတ်ရသည့် အကြောင်း ရင်းနှင့် ပတ်သက်သော သတင်း များ ထွက်ပေါ်ခြင်းမရှိသေးပေ။
နမ့်ဆော့ဗ်ကို လုပ်ကြံသတ် ဖြတ်ခြင်းမှာ သဘောထားမတိုက် ဆိုင်သူများကို နှုတ်ပိတ်ပစ်ရန် ဆုံးဖြတ်ထား သည့် ထိပ်တန်းအစိုးရ အဖွဲ့ဝင်များ၏ လျှို့ဝှက်ညွှန်ကြား မှုဖြစ်သည်ဟု ၎င်း၏မိတ်ဆွေများ က ယုံကြည် ထားသည်။
7day

မှတ်ချက်များ