တရုတ်က တတိယ လက်နက်တွေကို အများဆုံး ရောင်းချ


တရုတ်နိုင်ငံဟာ ​အမေရိကန်နဲ့ ​ရုရှားပြီးရင် ​ကမ္ဘာပေါ်မှာ ​စစ်လက်နက် ​တတိယအများဆုံး ​တင်ပို့ရောင်းချတဲ့ ​နိုင်ငံ ​ဖြစ်တယ်လို့ ​ဆိုပါတယ်။

Stockholm ​International ​Peace ​Research ​Institute ​အဖွဲ့ရဲ့ ​အစီရင်ခံစာအရ ​၂၀၁၀ ​ကနေ ​၂၀၁၄ ​ခုနှစ်အတွင်း ​တရုတ်နိုင်ငံရဲ့ ​စစ်လက်နက် ​ကုန်ကူးမှု ​၁၆% ​တိုးတက်လာတယ်လို့ ​ဆိုပါတယ်။

အမေရိကန်ကတော့ ​ကမ္ဘာ့ ​လက်နက်ရောင်းဝယ်ရေးမှာ ​၃၁% ​နဲ့ ​အများဆုံး ​ရောင်းချနေပြီး၊ ​ရုရှားကတော့ ​၂၇% ​နဲ့ ​ဒုတိယနေရာမှာ ​လိုက်နေပါတယ်။

တရုတ်နိုင်ငံကတော့ ​ဂျာမနီနဲ့ ​ပြင်သစ်တို့ထက် ​စစ်လက်နက် ​ရောင်းချနေတာ ​ဖြစ်ပါတယ်။

အာရှနိုင်ငံတွေကတော့ ​တရုတ်နိုင်ငံအတွက် ​အကြီးမားဆုံး ​ဝယ်ယူသူတွေဖြစ်ပြီး ​ပါကစ္စတန်နိုင်ငံက ​အများဆုံး ​ဝယ်ယူအားပေးနေတာ ​ဖြစ်ပါတယ်။

ပါကစ္စတန်နောက်မှာတော့ ​ဘင်္ဂလားဒေ့ရှ်နဲ့ ​မြန်မာနိုင်ငံတို့ရှိနေပြီး ​အဲဒီနိုင်ငံတွေသာမက ​အာဖရိကတိုက် က ​နိုင်ငံတချို့ကလည်း ​တရုတ် ​စစ်လက်နက်တွေကို ​ဝယ်ယူနေကြတယ်လို့ ​ဆိုပါတယ်။

ရုရှားနိုင်ငံ ​စစ်လက်နက်ကိုတော့ ​အိန္ဒိယက ​အဓိက ​ဝယ်ယူနေပြီး ​ရုရှားက ​ရောင်းရတဲ့ ​စစ်လက်နက်တွေရဲ့ ​၇၀% ​ကို ​ဝယ်ယူနေတာ ​ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံထုတ် ​စစ်လက်နက်တွေကိုတော့ ​တကမ္ဘာလုံးက ​နည်းနည်းစီ ​ဝယ်ယူနေကြပြီး ​တောင်ကို ရီးယားက ​အများဆုံး ​ဝယ်ယူနေတဲ့ ​နိုင်ငံဖြစ်တယ်လို့ ​ဖော်ပြထားပါတယ်။

ABC Radio Australia

မှတ်ချက်များ