(၁၂ နာရီ ၂၇ ) ရဲတပ်ဖွဲ့နှင့်ကျောင်းသားများအကြား တိုးဝှေ့ရင်း ကျောင်းသား ၃ ဦး မူးလဲကျ ၊ကျောင်းသားများ၏ ခြေထောက်နှင့် လက်များတွင် သံဆူးကြိုး ပြတ်ရှ ဒဏ်ရာများရရှိ။
(၁၂ နာရီ ၂၅ ) သံဆူးကြိုး ဘယ်ရီရာများ ကျောင်းသားများ စတင်ဖယ်ရှား၊ ရဲတပ်ဖွဲ့ကလည်း သံဆူးကြိုး ဘယ်ရီရာများကို အတင်းပြန်လုနေသဖြင့် ၀ရုန်းသုန်းကားဖြစ်။ သံဆူးကြိုဘယ်ရီရာများ ဖယ်ရှားရင်း ဖယ်ရှားရင်း ကျောင်သားတချို့ ထိုခိက်ဒဏ်ရာရ။
(၁၂ နာရီ ၂၀ ) တိုးဝှေ့ရင်း ရုန်းရင်းဆန်ခတ်ဖြစ်၊ ကျောင်းသားသပိတ်ကို ထောက်ခံသူများ တဖွဲဖွဲ ထပ်မံရောက်ရှိ
လက်ပံတန်းတွင် ရဲတပ်ဖွဲ့၏ တားဆီးမှုကို ဖောက်ထွက်လျက်ရှိသော ကျောင်းသားများနှင့် ရဲတပ်ဖွဲ့ဝင်များအကြား ၂ ဖက် တိုးဝှေ့ရင်း ရုန်းရင်းဆန်ဖြစ်နေပြီး ကျောင်းသားသပိတ်ကို ထောက်ခံသော ပြည်သူများကလည်း ရဲတပ်ဖွဲ့ဝင်များ၏ ပိတ်ဆို့ထားသည့် အနီးနေရာများသို့ တဖွဲဖွဲ လာရောက် နေကြောင်း သိရှိရသည်။
(၁၂ နာရီ ၁၀) ရဲနှင့်ကျောင်းသား အပြိုင်အဆိုင် တိုးဝှေ့
အာဏာပိုင်များ၏ လက်ပံတန်းကျောင်းသားသပိတ်ကို ပိတ်ဆို့ ထားမှု ကျောင်းသားများက ဖောက်ထွက်ရန် ကြိုးစားလျက်ရှိရာ လတ်တလော ကျောင်းသားများနှင့် အာဏာပိုင်များအကြား အပြိုင်အဆိုင် တိုးဝှေ့လျက်ရှိကြောင်း၊ ရဲတပ်ဖွဲ့ဝင်များကလည်း ကျောင်းသား ဖောက်ထွက် နိုင်ခြင်းမရှိစေရန် ရဲအင်အားမြောက်မြားစွာဖြင့် တားဆီးထားကြောင်း သိရှိရသည်။
(၁၁ နာရီ ၅၀) အာဏာပိုင်များ ပိတ်ဆို့ထားမှုကို ကျောင်းသားများ တန်းစီ တိုးဝင်ပြီ
လက်ပံတန်းတွင် အာဏာပိုင်များ၏ ပိတ်ဆို့မှုကို ခံထားရသော ကျောင်းသား သပိတ်စစ်ကြောင်း ယနေ့ နံနက် ၁၁ နာရီ ၅၀ မိနစ်တွင် ပိတ်ဆို့ထားမှုကို စတင်ဖောက်ထွက်သည့်အနေဖြင့် တားဆီးထားမှုများကို အတင်းဝင်ရောက် တိုးနေပြီဖြစ်သည်။
ကျောင်းသားများသည် ၅ ယောက်တတွဲ ပုံစံဖြင့် ရဲအတားအဆီးများကို စတင် တိုးဝင်နေခြင်းဖြစ်သည်။
ဧရာဝတီ

မှတ်ချက်များ