ဗာဆိုင်းနန်းတော်မှာ Selfie Stick တွေကို ပထမဆုံး တားမြစ်တဲ့ ပြတိုက်ဖြစ်လာ




ပြင်သစ် နိုင်ငံ ပါရီ မြို့နားက ဗာဆိုင်း နန်းတော်ကြီး မှာ လာရောက် ကြည့်ရှုသူတွေရဲ့ လက်ကိုင်ဖုန်းမှာ တုတ်တံတပ်ပြီး ကိုယ့်ကိုယ်ကိုယ် ဓာတ်ပုံရိုက်တာတွေ မလုပ်ဖို့ တားမြစ် လိုက်ပါတယ်။

တရက်ကို လူထောင်ချီ လာကြည့်တဲ့ ဒီနန်းတော် အခန်းတွေမှာ ဒီလို Selfie Stick တုတ်ချောင်းတွေ သုံး ဓာတ်ပုံရိုက်လို့ အနုပညာ ပစ္စည်းတွေ ပျက်ဆီး ထိခိုက်မှာကို ပူပန်နေကြပါတယ်။

ဗာဆိုင်းနန်းတော်ဟာ ဥရောပမှာ Selfie Stick တွေကို ပထမဆုံး တားမြစ် တဲ့ ပြတိုက် ဖြစ်လာပါတယ်။

BBC

မှတ်ချက်များ