ပျော်ရွှင်စရာ မွေးနေ့ ဖြစ်ပါစေ သားကြီး – ဒေးဗစ်ဘက်ခမ်း





အင်္ဂလန် ပရီးမီးယားလိဂ် မန်ချက်စတာ ယူနိုက်တက် ကလပ်အသင်း ကစားသမားဟောင်း ဒေးဗစ် ဘက် ဟမ်းက သားဘရွတ်ကလင်နဲ့ ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေကို လူမှုရေးကွန်ရက် ဖေ့ဘွတ်ခ် စာမျက်နှာမှာ တင်ပြီး သားဖြစ်သူရဲ့ ၁၆ နှစ်ပြည့် မွေးနေ့ပွဲကို နှုတ်ဆက်လိုက်ပါတယ်။

ဘရွတ်ကလင်ရဲ့ဆံပင်ကို အမြတ်တနိုး နမ်းရှုတ်နေတဲ့ပုံနဲ့ ပျော်ရွှင်စရာ မွေးနေ့ ဖြစ်ပါစေ သားကြီးဆိုပြီး မတ် ၄ ရက် ညနေပိုင်းမှာ ဖေ့ဘွတ်ခ်ပေါ်ကနေ တဆင့်နှုတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။

ဒီဓာတ်ပုံအပြင် ၂၀၀၀ ခုနှစ် ပရီးမီးယားလိဂ် ချန်ပီယံဆုရစဉ်က လမ်းလျောက်တတ်စ သားရဲ့လည်ပင်းမှာ ဆုတံဆိပ် ဆွဲထားပေးပြီး မန်ယူ ၀တ်စုံပြည့်ဝတ်ဆင်ထားတဲ့ သားအဖ ၂ယောက် ကွင်းအတွင်းမှာ လမ်းလျှောက်နေတဲ့ ပုံကိုလည်း ပူးတွဲပြီး တင်ထားပါတယ်။

ဘက်ဟမ်းအနေနဲ့ မိသားစုဘ၀ ဓာတ်ပုံတွေကို လူမှုရေးကွန်&က်မှာ တင်တာ တော်တော်နည်း တယ်လို့ လည်း သတင်းတွေမှာ ရေးပါတယ်။

ဒါအပြင် ဘရွတ်ကလင်ကတော့ ရက်ပါနဲ့ ဖက်ရှင် လုပ်ငန်းရှင် ကန်ရီဝက်စ်ထံကလည်း အထူးလက်ဆောင် တခုကို ရရှိခဲ့ပါတယ်။

အရင်ရက်ပိုင်း အာဆင်နယ် အကယ်ဒမီ စကောလားရှစ်ရတဲ့ လူစာရင်းမှာ မပါဝင် တာကြောင့် အသင်း ကနေ ထွက်ရတော့မယ့် ဘရွတ်ကလင် ဘက်ဟမ်းအတွက်တော့ ချိုမြိန်တဲ့ သတင်းပတ် ဖြစ်တယ်လို့လည်း သတင်းတွေမှာ ရေးပါတယ်။

ဘက်ဟမ်းနဲ့ ဗစ်တိုးရီးယားတို့မှာ ဘရွတ်ကလင် အပြင် အသက် ၁၂ နှစ် ရိုမီရို၊ ၁၀ နှစ်သား ခရုစ်နဲ့ ၃ နှစ်အရွယ် ဟာပါတို့လည်း ရှိနေပါတယ်။

DVB

မှတ်ချက်များ