လက်ရှိအစိုးရဟာ ပြည်တွင်းမှာရှိတဲ့ အမျိုးသမီးများကို အကာအကွယ် မပေးနိုင်ရုံမက အစိုးရယန္တရားကိုယ် တိုင်က အမျိုးသမီးများအပေါ် အကြမ်းဖက် ဖိနှိပ်တိုက်ခိုက်နေတယ်လို့ အမျိုးသမီးများနိုင်ငံရေးလှုပ်ရှားမှု ၂၀၁၅ အဖွဲ့က ပြောဆိုလိုက်ပါတယ်။
ပြည်တွင်းရှိ အမျိုးသမီးအရေးလှုပ်ရှားသူခေါင်းဆောင် ၂၀ ကျော်နဲ့ ဖွဲ့စည်းထားတဲ့ အမျိုးသမီးများနိုင်ငံရေး လှုပ်ရှားမှု ၂၀၁၅ အဖွဲ့က ဒီနေ့ နိုင်ငံတကာအမျိုးသမီးများနေ့မှာ ကြေညာချက်ထုတ်ပြန်ပြောဆိုလိုက် တာဖြစ်ပါတယ်။
အဖွဲ့ပြောခွင့်ရ ဒေါ်သင်းသင်းအောင်က “ကျမတို့ထောက်ပြထားတာက မြန်မာနိုင်ငံရဲတပ်ဖွဲ့ကိုယ်တိုင်က တရားဥပဒေစိုးမိုးရေးနဲ့ ပြည်သူလူထုကို ကာကွယ်စောင့်ရှောက်ရမယ့်အစား အထူးသဖြင့် ပြည်သူလူ ထုထဲမှာရှိတဲ့ အမျိုးသမီးတွေကို ကိုယ်ထိလက်ရောက်ဖမ်းဆီးနှိပ်စက်ရိုက်နှက်တာတွေ ကာယိနြေ္ဒပျက်
ပြားစေအောင်အထိ ဆွဲပြီးတာ့မှ ရဲမေတွေကိုမသုံးဘဲ နောက်ဆုံး ကျောင်းသားကျောင်းသူတွေကို စွမ်းအား ရှင်လို့ဆိုတဲ့ အရပ်သားတွေက ပုံပျက်ပန်းပျက် ရမ်းကားတဲ့ ပုံစံရှိတဲ့ ယောက်ျားလေးတွေကို လက်ပတ်တွေ တပ်ပြီး အမျိုးသမီးတွေကိုဖမ်းတဲ့ဟာမျိုးတွေ တွေ့ရတယ်လေ။ အဲ့ဒါတွေက ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ကလာတဲ့ အုပ်ချုပ်ရေးမှူးတွေခေါ်လာတဲ့ လူတွေ၊ ဒါကိုကြည့်ခြင်းအားဖြင့် အစိုးရရဲ့ယန္တရား ကိုယ်တိုင် အမျိုးသမီးတွေအပေါ် အကြမ်းဖက်နေတာကို ထောက်ပြခြင်း ဖြစ်ပါတယ်” လို့ ပြောပါတယ်။
အစိုးရအနေနဲ့ ၁၉၉၇ တွင် အမျိုးသမီးများ အပေါ်နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှုများ ပပျောက်ရေး သဘော တူညီချက် (CEDAW) ကို လက်မှတ်ထိုးတာပြီးဖြစ်တာကြောင့် စာချုပ်ပါ ကတိက၀တ်တွေကို အမှန်တ ကယ်လက်တွေ့လုပ်ဆောင်ဖို့ လိုလိမ့်မယ်လို့လည်း ပြောပါတယ်။
နိုင်ငံတကာအမျိုးသမီးများနေ့မှာ ထုတ်ပြန်လိုက်တဲ့ အမျိုးသမီးများနိုင်ငံရေးလှုပ်ရှားမှုအဖွဲ့ရဲ့ ကြေညာချက် ထဲမှာ လယ်သိမ်း ယာသိမ်းပြသနာတွေကြားထဲ ဖိနှိပ်ခံနေရတဲ့ အမျိုးသမီးများ၊ ဆန္ဒပြရင်း ဖိနှိပ်တိုက်ခိုက် ဖြိုခွင်းခံနေရတဲ့ အလုပ်သမားနဲ့ ကျောင်းသားကျောင်သူများ စတဲ့ဖြစ်ရပ်အသီးသီးကို အသေးစိတ်ဝေ ဖန်ထောက်ပြထားတာလည်း တွေ့ရပါတယ်။
အစိုးရအနေနဲ့ ၁၉၉၇ တွင် အမျိုးသမီးများ အပေါ်နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှုများ ပပျောက်ရေး သဘော တူညီချက် (CEDAW) ကို လက်မှတ်ထိုးတာပြီးဖြစ်တာကြောင့် စာချုပ်ပါ ကတိက၀တ်တွေကို အမှန်တ ကယ်လက်တွေ့လုပ်ဆောင်ဖို့ လိုလိမ့်မယ်လို့လည်း ပြောပါတယ်။
ဒါ့အပြင် အမျိုးသမီးများအခွင့်အရေး လှုပ်ရှားတက်ကြွသူတွေကို အင်တာနက်စာမျက်နှာတွေပေါ် အသရေ ဖျက်ခံနေရမှု၊ မိုဘိုင်းဖုန်းတွေကတဆင့် လိင်မှုဆိုင်ရာ စော်ကားတိုက်ခိုက်မှု၊ ခြိမ်းခြောက်မှု များရှိနေပြီး၊ တိုင်ကြား အရေးယူနိုင်ခြင်းမရှိဘဲ၊ အကာအကွယ်မဲ့စွာ ခံနေကြရတယ်လို့လည်း ဖော်ပြထားပါတယ်။
DVB
မတ်လ (၈) ရက်နေ့ဟာ ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာမှ သတ်မှတ်ဂုဏ်ပြုထားတဲ့ နိုင်ငံတကာအ မျိုးသမီးများနေ့ဖြစ်ပြီး အခုနှစ် အမျိုးသမီးများနေ့ (၂၀၁၅) ဆောင်ပုဒ်မှာ “လူသားအားလုံးတိုးတက်ဖို့၊ အ မျိုးသမီးများ စွမ်းရည်မြှင့်တင်လို့၊ ပုံဖော်ကြပါစို့” (Empowering Women, Empowering Humanity: Picture it!) ဖြစ်ပါတယ်။
DVB



မှတ်ချက်များ