လွိုင်ကော် ကျောင်းသားဆန္ဒပြမှု တားဆီးခံရ






လက်ပံတန်းမှာ ဆန္ဒပြနေတဲ့ ကျောင်းသားတွေကို အကြမ်းဖက်ဆန္ဒပြဖြိုခွင်းတဲ့အပေါ် ကယားပြည်နယ် လွိုင်ကော်မြို့မှာ ဆန္ဒပြနေတဲ့ ကျောင်းသားတွေကို ရဲတပ်ဖွဲ့က တားဆီးထားတယ်လို့ ဆန္ဒပြတဲ့သူတွေက ပြောပါတယ်။

ပင်မသပိတ်ကို အကြမ်းဖက်တဲ့အတွက် ဆန္ဒပြခဲ့တာဖြစ်ပြီး ချီတက်ဆန္ဒပြတဲ့ ကျောင်းသားတွေကို လွိုင်ကော်နောင်ယားကန်အနီးက ခရစ္စယာန်ဘုရားကျောင်းအနီးမှာ ပိတ်ပင်ထားတာ ဖြစ်ပါတယ်။

ပိတ်ပင်ထားတဲ့ အတားအဆီးတွေကို ဖယ်ရှားပေးဖို့ ဆန္ဒပြတဲ့ ကျောင်းသားတွေက တောင်းဆိုထားတယ် လို့ ဆိုပါတယ်။

DVB

မှတ်ချက်များ