ဝိတ်ချဖို့ ကြိုးစားနေသူတွေအတွက် နှစ်ပတ်အတွင်း (၅) ပေါင်ကျစေဖို့ လိုက်နာလုပ်ဆောင်ရမယ့် အရာများ
နှစ်ပတ်အတွင်း (၅)ပေါင်ကျတယ်ဆိုတော့ တကယ်တမ်းမှာ တရက်ကို ၁၇၅၀၀ ကယ်လိုရီလောင် ကျွမ်းခြင်း ပါပဲ။ ဒါဟာ တကယ်တမ်းတော့ မလွယ်ကူပါဘူး။ ဒါပေမယ့် ဖော်ပြထားတဲ့ နည်းလမ်းတွေကို မှန်ကန်စွာ လိုက်နာပြီး ကျန်းမာရေးနဲ့လည်းညီအောင် အချိန်မှန်မှန်နဲ့ ကြိုးကြိုးစားစားလုပ်မယ် ဆိုရင်တော့ ဖြစ်နိုင်ပါတယ်။ ဒီတော့ ၀ိတ်ကျစေမယ့် နည်းတစ်ချို့ကို ပြောပြပေးလိုက်ပါတယ်။
(၁) မနက်ပိုင်းမှာ လေ့ကျင့်ခန်းလုပ်ပါ။
လက်ရှိမှာ နေ့လည်ပိုင်းနဲ့ညနေပိုင်းတွေမှာ လေ့ကျင့်ခန်း လုပ်နေတယ်ဆိုရင် မနက်ပိုင်းကို ပြောင်း လုပ်ခြင်းက သင့်ရဲ့ကိုယ်တွင်းဇီဝဖြစ်စဉ် ပြောင်းလဲမှုကို ၁၄နာရီကြာအောင် ထိန်းထားနိုင်ပါတယ်။ ဒါမှမဟုတ် တစ်နေ့လုံးလည်း ခံနိုင်ပါတယ်။ လေ့ကျင့်ခန်းလုပ်ချိန်ဟာ အနည်းဆုံး မိနစ်(၂၀)ကနေ (၃၀)ကြားရှိရမှာဖြစ်ပြီး အိပ်ရာနိုးပြီးချိန်မှာ လုပ်ရပါမယ်။
(၂) လေ့ကျင့်ခန်း မလုပ်ခင် ကော်ဖီသောက်ပါ။
ကဖင်းဓါတ်ဟာ လေ့ကျင့်ခန်းလုပ်တဲ့နှုန်း မြင့်မားအောင် တွန်းအားပေးတဲ့အတွက် သင့်ကိုယ်သင့် ပိုပြီး ပြင်းပြင်းထန်ထန် မောင်းနှင်နိုင်ပါလိမ့်မယ်။ ဒါပေမယ့် ဘာမှမရှိတဲ့ သင့်ရဲ့ အစာအိမ်က ကော်ဖီသောက် ပြီးနောက် အော့အန်တဲ့ ဝေဒနာ ခံစားရစေတယ်ဆိုရင်တော့ ဒီအဆင့်ကို ကျော်ထားလို့ရပါတယ်။
(၃) လေ့ကျင့်ခန်းလုပ်ရင်း သီချင်းနားထောင်ပါ။
လေ့ကျင့်ခန်း လုပ်နေချိန်အတွင်း သီချင်းနားထောင်ရာမှာ တမိနစ်ကို beats 140 (BPM) ရှိတာမျိုး ရွေးချယ်သင့်ပါတယ်။
(၄) လေ့ကျင့်ခန်းလုပ်ပြီး မနက်စာစားပါ။
မနက်ပိုင်း လေ့ကျင့်ခန်းလုပ်ပြီး မိနစ်သုံးဆယ် မကျော်ခင်မှာ သင့်ရဲ့ မနက်စာကိုစားပါ။
(၅) ကျန်းမာရေးနဲ့ညီညီ စားသောက်ပါ။
လေ့ကျင့်ခန်းလုပ်ထားတဲ့အတွက် ၃၄၀၀ ကယ်လိုရီရှိတဲ့ အသားနဲ့ ၂၂၀၀ ကယ်လိုရီရှိတဲ့ snacks တွေ စားပေးဖို့လိုပါတယ်။ ဒါမှသာ ကျန်းမာရေးနဲ့ညီတဲ့ ၀ိတ်ချနည်းကို ရရှိမှာပါ။
(၆) ဂျုံနဲ့လုပ်ထားတဲ့ အစားအစာတွေကို ရှောင်ပါ။
ဂျုံနဲ့လုပ်ထားတဲ့ ပေါင်မုန့်တွေစားခြင်းကို ရှောင်ပါ။ အဲဒီအစား သစ်သီးနဲ့ အရွက်တွေစားပါ။
(၇) အချိုစားချင်တဲ့အခါ စားရမယ့်အရာတွေကို သိထားပါ။
ပါးစပ်ထဲ ချိုတဲ့အရသာစားချင်တယ်ဆိုရင် အသီးနဲ့ ချောကလက်အနက်တွေကိုသာ အစားထိုးပါ။
(၈) ရေများများသောက်ပါ။
(၉) အမျှင်ဓါတ်များတဲ့အသီးအနှံ ၊ ပဲ စတာတွေ စားပေးပါ။
(၁၀) အိပ်ချိန်ကို ပိုတိုးလိုက်ပါ။
နေ့ပိုင်းမှာ လေ့ကျင့်ခန်းလုပ်ထားတဲ့အတွက် ပင်ပန်းနေတဲ့ သင့်ခန္ဓာကိုယ်ကို balance ညီစေဖို့အတွက် ညဘက်မှာ ယခင်အိပ်ချိန်ထက် မိနစ်(၃၀)ပိုအိပ်ရပါမယ်။ ဒီထက်ပိုအိပ်ရင်တော့ အလေးချိန်ပြန်တက်နိုင် တာ သတိထားရပါမယ်။
ကိုယ်လိုချင်တဲ့ အလေးချိန် ၊ လိုချင်တဲ့ရလဒ် မရမချင်း မရပ်တန့်ဖို့တော့ လိုပါလိမ့်မယ်။
ဟန်နီ - Trend Myanmar

မှတ်ချက်များ