အကောက်ခွန်ရုံးအရာရှိတွေ မသိအောင် ဒေါ်လာ ၇၇၇၀၀၀ ကို ငွေစက္ကူနဲ့ ဝှက်ထားကြိုးစားခဲ့တဲ့ အမျိုးသားအား ဖမ်းဆီးခဲ့
ခရီးဆောင်အိတ်ထဲက Alka-Seltzer, Thera-flu, Dove ဆပ်ပြာနဲ့ Band-Aids ဗူးခွံတွေထဲမှာ ဖွတ်ထားတဲ့ ငွေသား ဒေါ်လာ ၇၇၇၀၀၀ ကျော်နဲ့အတူ JFK လေဆိပ်မှ အရှေ့အလယ်ပိုင်းသို့ လေယာဉ်နဲ့ ခရီးသွား အမျိုးသားတစ်ယောက် ရဲမှ ဖမ်းဆီးခဲ့ပါတယ်။
NY Post သတင်းအရ Abdulkarim Altareb လို့ခေါ်တဲ့ အသက် ၄၈ နှစ်အရွယ် အမျိုးသားဟာ သူ့မှာ ဒေါ် လာ ၆၅၀၀ ရှိကြောင်း အကောက်ခွန် မှတ်တမ်းစာရွက်ထဲ လိမ်လည်ခဲ့ပေမယ့် အဲဒီချိန်မှာ ဒေါ်လာ ၅၈၇၀ သာ ဆွဲနုတ်ခဲ့တယ်လို့ ဆိုပါတယ်။ သံသယ ရှိနေတဲ့ ကိုယ်စားလှယ်တွေက သူ့ရဲ့ စစ်ဆေးပြီးသား ခရီးဆောင်အိတ်ကို ထပ်မံရှာဖွေစစ်ဆေးတဲ့အခါ ဒေါ်လာ ၁၀၀ နဲ့ ဒေါ်လာ ၅၀၀ တန်ငွေစက္ကူတွေကို ဆေးဗူးတွေနဲ့အတူ အနက်ရောင် Adidas ဖိနပ်တွေထဲ အလိပ်လိုက် ဖွက်ထည့်ထားတာ တွေ့ရှိခဲ့ရပါတယ်။
Trend Myanmar

မှတ်ချက်များ