လက်နက်ထုတ်လုပ်မှုတွေကို ကန့်ကွက်တဲ့ လှုပ်ရှားမှုမှာ Snoop Dogg ပါဝင်


ရပ်အဆိုတော်ကြီး Snoop Dogg ၊ Aloe Blacc ၊ Matt Barnes နဲ့ အနုပညာရှင်တွေ ၊ အားကစားသ မားတွေ နဲ့ နည်းပညာ ဦးဆောင်သူတွေဟာ လက်နက်ထုတ်လုပ်မှုတွေကို ကန့်ကွက်တဲ့ #ImUnloading ဆိုတဲ့ လှုပ်ရှားမှုမှာ ပါဝင်နေကြပါတယ်။

ထို လှုပ်ရှားမှုကတော့ Unload Your 401K ဆိုတဲ့ လှုပ်ရှားမှုနဲ့ အကြမ်းဖက်မှုတွေကို ဆန့်ကျင်တဲ့ No Guns Allowed ဆိုတဲ့ လှုပ်ရှားမှုတွေကို ပူးပေါင်းထားတာ ဖြစ်တယ်လို့ သိရပါတယ်။

“သေနတ်ကိုင်ဆောင်တဲ့ အကြမ်းဖက်မှုတွေကြောင့် ကျွန်တော် နှစ်ပေါင်းများစွာ ကြူံတွေခဲ့ရတာကတော့ သူငယ်ချင်းတွေ ၊ မိသားစုဝင်တွေ နဲ့ မိတ်ဆွေတွေရဲ့ သေခြင်း တရားတွေပါပဲ” လို့ Snoop Dogg ကဆိုပါ တယ်။ Barnes ၊ Blacc နဲ့ အခြားပါဝင်လှုပ်ရှားသူတွေကလည်း သူတို့ကြုံတွေ့ခဲ့ရတဲ့ လက်နက် ကိုင်ဆောင်မှုရဲ့ ဆိုးကျိုးတွေကို ဝေမျှခဲ့ကြပါတယ်။

ထိုလှုပ်ရှားမှုရဲ့ အမှုဆောင် ဒါရိုက်တာတစ်ဦးဖြစ်တဲ့ Jennifer Fiore ကတော့ ထို လက်နက်ထုတ်လုပ်တဲ့ ကုမ္မဏီတွေ ရဲ့ မတည်ငွေ တစ်ဝက်ခန့်ဟာ တူညီတဲ့ ထောက်ပံ့ငွေတစ်ခုတည်းက ဖြစ်နေပြီး ထိုထောက် ပံ့ငွေကို ရင်းနှီးမြှပ်နှံ ထားသူတွေဟာ ထိုအကြမ်းဖက်မှု ပြသနာတွေကို ဖြေရှင်းရမယ့် အစိတ်အပိုင်းတွေ ဖြစ်နေတယ်လို့ ထည့်သွင်းပြောကြားခဲ့ပါတယ်။

Trend Myanmar

မှတ်ချက်များ