ဝှေးစေ့ ကင်ဆာရောဂါရှိနေကြောင်း ကိုယ်ဝန်စစ်ဆေးတဲ့ ကိရိယာကို အသုံးပြုပြီး တွေ့ရှိသွားတဲ့ ဆယ်ကျော်သက် အမျိုးသား
ဆယ်ကျော်သက် အမျိုးသားတစ်ဦးဟာ သူ့မှာ ဝှေးစေ့ ကင်ဆာရောဂါရှိနေကြောင်းကို ကိုယ်ဝန်ရှိမရှိ စစ်ဆေးတဲ့ ကိရိယာ ကို အသုံးပြုပြီး ရှာဖွေတွေ့ရှိသွားပါတယ်။
အသက် ၁၉ နှစ်အရွယ် Byron Geldard ဟာ ၂၀၁၄ ခုနှစ် သြဂုတ်လတုန်းက ဗြိတိန်နိုင်ငံ ၊ Cambridgeshire ပြည်နယ် ၊ Huntingdon မြို့ရှိ နေအိမ်သို့ Kavos မှ အားလပ်ရက် ပြန်လာစဉ် သူ့ရဲ့ ဝှေးစေ့နေရာတွင် မေ့ထားဖို့မဖြစ်နိုင် လောက်အောင် နာကျင်မှုကို ခံစားရတဲ့အတွက် ဆရာဝန်နဲ့ ပြသခဲ့ရာ ဆရာဝန်က သူ့ကို အစာအိမ်အတွက် အာထရာစောင်း ရိုက်ကြည့်ဖို့ ညွှန်ကြားခဲ့ပါတယ်။
ဒါပေမယ့် ဆေးရုံက ထုတ်ပြန်လိုက်တဲ့ သူ့ရဲ့ ကျန်းမာရေး အခြေအနေမှာတော့ သူ့ရဲ့ အဆုတ်တွေထဲ ပျံ့နှံ့နေတဲ့ အသားပိုတွေ တွေ့ရှိရတယ်လို့ ဆိုပါတယ်။ ဒါကြောင့် Byron ဟာ ကင်ဆာရောဂါ ဟုတ်မဟုတ် သိချင်တဲ့အတွက် Cambridge မှာရှိတဲ့ ဆယ်ကျော်သက်တွေရဲ့ ကင်ဆာ ယုံကြည်မှုအဖွဲ့ကို မေးမြန်းခဲ့ရာ ထိုအဖွဲ့က သူ့ကို ကိုယ်ဝန်စစ်တဲ့ ကိရိယာ နဲ့ စစ်ဆေးကြည့်ဖို့ ညွှန်ကြားခဲ့ပါတယ်။
ထို အသားပိုဟာ ဟော်မုန်းတွေကို ထုတ်ပေးနိုင်တဲ့အတွက် ကိုယ်ဝန်ရှိစေနိုင်စွမ်း နဲ့ ဝှေးစေ့ကင်ဆာ တို့ကို ကိုယ်ဝန်စစ်ဆေးတဲ့ ကိရိယာ နဲ့ သိစေနိုင်တာ ဖြစ်ပါတယ်။ အဖြေထွက်လာချိန်မှာတော့ Byron ဟာ ဝှေးစေ့ကင်ဆာ အဆင့် ၄ ရှိနေပါတယ်။
ဒီဇင်ဘာလမှာ Byron ဟာ သူ့ရဲ့ ဝှေးစေ့ကို ခွဲထုတ်ခဲ့ပြီး ဇန်န၀ါရီ ၁၉ ရက်မှာ ကင်ဆာရောဂါ ပျောက်ကင်း ခဲ့တယ်လို့ သိရပါတယ်။
Trend Myanmar

မှတ်ချက်များ