မထိန်းနိုင်မသိမ်းနိုင်ဖြစ်လာသော မြန်မာနယ်စပ်အခြေအနေ


လူအ များ အ ပြား က မြန်မာနှင့် ပတ် သက်လာလျှင် အားရစရာကောင်းသော သတင်းများသာ တွေးမြင်ကြပါသည်။ တိုင်းပြည်၏ ထင်ရှားသော အတိုက်အခံခေါင်းဆောင်နှင့် နိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစု ကြည်သည် နေအိမ်အကျယ်ချုပ် မှလွတ်မြောက်ပြီး လွှတ်တော်ထဲ ရောက်ရှိနေသည်။ အမေရိကန် နိုင်ငံကပိတ်ဆို့အရေးယူမှုများ ရုပ်သိမ်းပေးခဲ့သကဲ့သို့ မြန်မာ အစိုးရကလည်း နှစ်ပေါင်းများစွာတိုင်းပြည်အတွင်းမှာတိုက်ခိုက် နေကြသော တိုင်းရင်းသားလက် နက်ကိုင်များနှင့် အပစ်အခတ် ရပ်စဲရေးစာချုပ်များ ချုပ်ဆိုနေ ပြီ။

သို့သော်လည်း တရုတ်နိုင်ငံ နှင့် ထိစပ်နေသော ကိုးကန့်ဒေသမှ ပဋိပက္ခတိုက်ပွဲများက မြန်မာ၏ အဆိုပါ တိုးတက်မှုများသည် စစ်မှန်ပါရဲ့လားဆိုသည်ကို စမ်း သပ်နေသယောင် ရှိပါသည်။ ဖေဖော်ဝါရီ ၉ ရက်မှ စပြီး ထိုဒေသခံစစ်ခေါင်းဆောင် ဖုန်ကြားရှင်ဦးဆောင်သော တပ်များက ကိုးကန့်ဒေသမြို့တော်လောက် ကိုင်အနီးတစ်ဝိုက်တွင် မြန်မာစစ်တပ်ကိုအဆက်မပြတ်စတင်တိုက်ခိုက်ခဲ့သည်။

ထိုတိုက်ပွဲများကြောင့် လူ ၁၃၀ ခန့်သေဆုံးပြီး လူတစ်သိန်းခန့်အိုးအိမ်စွန့်ခွာထွက်ပြေးကြ ရသည်။ ကိုး ကန့်လူမျိုးများက နယ်စပ်ကိုကျော်ပြီး တရုတ်နိုင်ငံ ထဲသို့ ဝင်ပြေးကြသည်။ မြန်မာ လူမျိုးများကတော့ ပြည်မဘက်ကိုပြန်ပြေးလာကြသည်။

မြန်မာအစိုးရက တိုက်ပွဲများ ပြီးသွားပါပြီဟု ဆိုသည်။ အစိုးရနှင့်တိုင်းရင်းသား လက်နက်ကိုင်တပ်များ အကြား ပြန် လည်ရင်ကြားစေ့ရေးဆောင်ရွက် နေသော မြန်မာငြိမ်းချမ်းရေးစင် တာမှ ညွှန်ကြားရေးမှူး ဦးမင်း ဇော်ဦးက ဖုန်ကြားရှင်၏ အစီအ စဉ် မအောင်မြင်ခဲ့ပါဟုဆိုသည်။

‘‘အစိုးရဘက်က လောက် ကိုင်နဲ့အနီးတစ်ဝိုက်မှာ စစ်ဆင် ရေးလုပ်ပြီးရှင်းလင်းနေပါပြီ’’

သို့သော်လည်း အောက်ခြေ တွင် ထင်သလောက်မချောမွေ့လှပါ။ သမ္မတဦးသိန်းစိန်က ထိုဒေသကို မေလအထိစစ်အုပ် ချုပ်ရေး ထုတ်ပြန်ထားသည်။ လမ်းမအများစုလည်း ပိတ်ထားရပြီး ကျေးရွာများတွင် လူသူကင်း မဲ့နေသည်။ မတ်လ ပထမပတ်၌ အစိုးရဘက်က အသာစီးရပြီး တည်ငြိမ်မှုပြန်ရလာသော်လည်း မြန်မာ ဒုက္ခသည်များကတော့ လားရှိုးမြို့ရှိ မန်ဆူဘုန်းကြီး ကျောင်းသို့သာ ပြေးလာကြတုန်း ပင်ဖြစ်သည်။

အသက် (၄၁)နှစ်အရွယ် လောက်ကိုင်မြို့သား ဒန်ထွန်းက စစ်တပ်က သူ့ကိုပြန်လာရန်ဘေး မကင်းသေး ဟု ပြောကြားကြောင်း ဆိုသည်။ မြန်မာစစ်တပ်တွင် အနှစ် (၂၀)ကြာ အမှုထမ်းခဲ့သူ အငြိမ်းစားစစ်ဗိုလ် ဦးကျော်မင်းလွင်ကတော့ တိုက်ပွဲများကပိုဆိုးလာပြီး လပေါင်းများစွာကြာဦးမည်ဟု ပြောကြားသည်။ သူ၏ထင်မြင်ချက်က မြန်မာအစိုးရ၏ ထုတ်ပြန်ကြေညာချက်ထက် ပိုယုံကြည်ဖွယ်ရာရှိပါသည်။

ကိုးကန့်ဒေသမှ ပဋိပက္ခ တိုက်ပွဲများကအခြားလက်နက် ကိုင်အဖွဲ့များကိုပါ ဝင်ရောက် ပတ်သက်လာစေ သည်။ တရုတ်တို့သည် ဖုန်ကြားရှင်၏ (MNDAA)ခေါ် မြန်မာအမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်များကို လက်နက် နှင့်သင်တန်းများပေးနေသည်ဟု မြန်မာအစိုးရကပြောကြားထား သည်။ သို့သော် တရုတ်နှင့်ကိုး ကန့်နှစ်ဖက်စလုံးက ထိုစွပ်စွဲချက် များကိုငြင်းဆိုထားသည်။

တရုတ် ပါဝင်ပတ်သက်မှု မပါဘဲနှင့်ပင် ကိုးကန့်ဒေသမှာ အစိုးရကိုတိုက်ခိုက်သူများ တိုးလာနေသည်။ တိုက်ပွဲများစဖြစ်ကတည်းက သူတို့ဘက်၌ အင်အားများ တိုးလာသည်ဟု MNDAA ကပြောကြားသည်။ မြန်မာအစိုးရနှင့်အပစ်အခတ်ရပ် စဲရေးလက်မှတ်ထိုးထားသည်ဖြစ်စေ မထိုးထားသည်ဖြစ်စေ အချို့တိုင်း ရင်း သားလက်နက်ကိုင်အဖွဲ့များက ကိုးကန့်တပ်ဖွဲ့များဘက်မှ ဝင်တိုက်ကြသည်။

လားရှိုးမြို့အပြင်က လမ်းကျဉ်းလေးထဲရှိ တဲကလေးထဲမှ(TNLA)ခေါ် ပလောင်တပ်ဖွဲ့ဝင်ပလောင်စစ်သား တစ်ဦးက သူသည် ကိုးကန့်ဒေသမှမကြာသေးမီကပြန်လာခဲ့သည်ဟုဆို သည်။ သူတို့ (TNLA)ပလောင် တပ်မှာလည်း ထိုတိုက်ပွဲတွင်ပါဝင်တိုက်ခိုက်သည်ဟုဆိုသည်။

‘‘ဘာလို့လဲဆိုတော့ မြန်မာ စစ်တပ်က ရွာတွေကိုဝင်လု တယ်။ ရွာသားတွေရဲ့ ကြံခင်း တွေကိုခုတ်ပစ် တယ်လေ’’

ထို့အတူ မြန်မာနိုင်ငံ အနောက်တောင်ပိုင်းက ရခိုင် တိုင်းရင်းသားတပ်ဖွဲ့ကလည်း MNDAA ဘက်မှဝင် တိုက်သည်ဟုဆိုသည်။ ထို့အတူ မြန်မာအစိုးရနှင့် နှစ်ပေါင်းများစွာတိုက် ခိုက်နေသည့် ကချင်လက်နက် ကိုင်တပ်ဖွဲ့များထံမှ အကူအညီရသည်ဟု ကိုးကန့်စစ်ခေါင်း ဆောင်များကဆိုသည်။ (သို့သော် ကချင် ကတော့ငြင်းဆိုသည်။)

မြန်မာတိုင်းရင်းသားလက် နက်ကိုင်အုပ်စုများသည် မကြာ ခဏအချင်းချင်းပြဿနာဖြစ်ပွား လေ့ရှိသည်။ သို့ရာတွင် သည်ကိုး ကန့်ပြဿနာတွင်မူ ယခင်ကမရှိ ခဲ့ဖူးသည့် သူတို့အချင်းချင်း ညီ ညွတ်မှုကိုပြသခဲ့သည်။

သည်ပြဿနာများ ဖြစ်ရ ခြင်း၏ အကြောင်းရင်းများကိုလည်း ယခုထိရှင်းရှင်းလင်းလင်းမသိရသေးပေ။ ဖြစ်နိုင်သည် ကတော့ ပြီးခဲ့သည့်နိုဝင်ဘာက အစိုးရတပ်ဖွဲ့ကကေအိုင်အေ ကချင်တပ်များ၏ ဗိုလ်သင် တန်းကျောင်းကိုတိုက်ခိုက်ခဲ့မှုအတွက် လက်တုံ့ပြန်ခြင်းလည်း ဖြစ် ကောင်းဖြစ်မည်။ ထိုတပ်များမှ အများစု သည် ကိုးကန့်ဒေသ၌ တိုက်ခိုက်နေကြသည်။ ထို့ပြင်ဖုန်ကြားရှင်က ထိုဒေသမှာ မူးယစ်ဆေးဝါး ကူးသန်းရောင်းဝယ်မှုကဲ့သို့ စီးပွားရေးတွေလုပ်ချင် သည့်အတွက် အခိုင်အမာအင်အားလိုချင်သည် လည်းဖြစ်မည်။ မည်သို့သော အကြောင်းဖြစ်ဖြစ် မြန်မာ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိုထိခိုက်စေသည်။

မြန်မာကိုစောင့်ကြည့်အကဲ ခတ်နေသူများက မြန်မာအစိုးရအနေဖြင့် သည်နည်းဖြင့်လမ်းလွဲမှုကို ကျင့်သားရနေပြီဖြစ်သည်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်လုပ်နေ သည်။ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူညီချက်က လက်တစ်ကမ်းသာရှိသည်။ အချို့သဘောမတူသည့် အခြေအနေများမှလွဲပြီး အားလုံးကပြောဆိုဆွေးနွေးပြီးရုံသာမက သဘောတူပြီးသားဖြစ်နေသည်။ အသေးစိတ်အချက် အချို့ကို သာ ဆက်လုပ်ရန် ကျန်ရှိပါတော့သည်။

ကိုးကန့်ဒေသတိုက်ပွဲများ သည် မြန်မာစစ်တပ်နှင့် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုသဘာဝသယံ ဇာတအပေါ် ပိုင်ဆိုင်ထိန်းချုပ်မှု နှင့် တိုင်းရင်းသားများကို ကိုယ် ပိုင်အုပ်ချုပ်ခွင့်ပေးရန် စသော အသေးစိတ်အချက်အ လက်များ မှာ သဘောတူညီချက်ရရန် ခက် ခဲနေသည်ဆိုသည်ကို သက်သေပြနေသည်။ ထို့အပြင် မြန်မာအစိုးရက အခြားပြဿနာများကြီးထွားလာနေချိန်တွင် ဖြစ်ပွားနေခြင်းဖြစ်သည်။ ယခုတစ်ပတ်တွင် ရန်ကုန်မြို့နှင့် ၁၄၀ ကီလိုမီတာကွာဝေးသည့် လက်ပံတန်း မြို့၌ ကျောင်းသားနှင့်ရဲများထိပ်တိုက်တိုးကာ သွေးထွက်သံယိုမှုများဖြစ်ပွားခဲ့သည်။

သည်လိုတိုက်ပွဲများကြာ ရှည်စွာဖြစ်ပွားနေခြင်းက တိုင်း ပြည်ကိုမတည်မငြိမ်ဖြစ်စေသည် သာမက ယခုနှစ်ဆောင်းဦးရာသီ မှာကျင်းပမည့် ရွေးကောက်ပွဲကို ပါ ထိရောက်သက်ရောက်နိုင်ပါ သည်။ ရွေးကောက်ပွဲတွင် အတိုက် အခံခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို အခြေခံဥပဒေအရ သမ္မတဖြစ်ရန် တားမြစ်ထားသဖြင့် ပြဿနာများက နဂိုကတည်းကရှိနှင့်နေပြီးဖြစ်သည်။

၂၀၁၀ ရွေးကောက်ပွဲတွင်လည်း မြန်မာအစိုးရက လုံခြုံရေးအကြောင်းပြချက်ဖြင့် တိုင်းရင်းသားဒေသအချို့၌ မဲပေးခြင်းကို ကန့်သတ်တားမြစ်ခဲ့သည်။ လာမည့်ရွေးကောက်ပွဲတွင် အလားတူ ပိတ်ပင်မှုမျိုးရှိပါက ရွေးကောက် ပွဲ၏ရလဒ်ကို သံသယပွားစရာ များရှိလာနိုင်ပြီး မြန်မာနှင့်သူ့ကို ကူညီနေကြသည့် အလှူရှင် အစိုး ရများ၏ ဆက်ဆံရေးကိုပါ ထိ ခိုက်ရှုပ်ထွေးလာနိုင်သည်။ ထို့ ကြောင့်သူတို့မှီခိုနေရသည့် ပြည် တွင်း ပြုပြင်ပြောင်းလဲရေးလုပ် ငန်းစဉ်များမှာလည်း အများကြီးထိခိုက်လာနိုင်သည်။

(The Economist စာစောင်ပါ The Periphery cannot hold ဆောင်းပါးကို ထားထားမြင့် ဘာသာပြန်ဆိုသည်။)

မှတ်ချက်များ