ကျွန်တော်တို့ ဒီမိုကရေစီစနစ်ကို အမြန်လိုချင် ပါသည်။ ကျွန်တော်တို့ရပိုင်ခွင့်များကို ကျွန်တော်တို့ တောင်းဆိုနိုင်သော အခွင့်အရေးကိုလိုချင်ပါသည်။ ကျွန်တော်တို့ဆန္ဒကို ဖြည့်ဆည်းပေးနိုင်သော အစိုးရတစ်ရပ်ကို လိုချင်ပါသည်။ ကျွန်တော်တို့အသံကို အကောင်အထည်ဖော်မည့် ဥပဒေများကို ပြဋ္ဌာန်း ပေးမည့် လွှတ်တော်ကို လိုချင်ပါသည်။ ကျွန်တော်တို့ အသက်အိုးအိမ်စည်းအိမ်ကို ကာကွယ်မည့် တပ် မတော်တစ်ခုကို လိုချင်ပါသည်။ ကျွန်တော်တို့ကို ဥပဒေအရ ကာကွယ်ပေးနိုင်သည့် ရဲတပ်ဖွဲ့ဝင်များ ကို လိုချင်ပါသည်။ အခု ကျွန်တော်တို့ ဘာများရရှိ ထားပါသနည်း။ ထို့ကြောင့် ထိုထိုအချက်များ အပြည့် အဝရရှိရန် ဒီမိုကရေစီစနစ်တစ်ရပ် ကျွန်တော်တို့ အမြန်အလိုရှိပါသည်။
ပြီးခဲ့သည့်ရက်ပိုင်းက ဖြစ်ပွားခဲ့သည့် လွတ်လပ် ရေးကျောက်တိုင်အနီးမှ လွတ်လွတ်လပ်လပ်စော်ကားခံ ရမှုနှင့် လက်ပံတန်းအကြမ်းဖက်မှုတို့ကိုကြည့် လျှင် ကျွန်တော်တို့အတွက် ပီပြင်သော ဒီမိုကရေစီ စနစ် တစ်ရပ် အမြန်လိုအပ်နေပြီဆိုသည်မှာ ပို၍ထင်ရှား လာပါသည်။ တကယ်တော့ ကျူးလွန် သူရော ခံရသူပါ စနစ်၏ကောင်းကျိုးကို ခံစားရသူမရှိသေး။ အားလုံး ဆိုးကျိုးကိုခံစားရ သူများသာဖြစ်သည်။ သို့သော်လည်း အသိပညာမဲ့မှုက အမှန်အမှားကို မခွဲခြားနိုင်။ လူ ကောင်းလူဆိုးကို မခွဲခြားနိုင်။ အမိန့်ပေးသူကပေးတိုင်း၊ ခိုင်းသူက ခိုင်းတိုင်း အားရဝမ်းသာ ရိုက်ကြ နှက်ကြ၊ ဖမ်းကြ ဆီးကြသည်။ သခင်အားရအောင် အပါးဝပြ ကြသည်။ တကယ့်ကို ရင်နာစရာဖြစ်သည်။
တကယ်တော့ သူတို့ရိုက်ခဲ့၊ နှက်ခဲ့၊ အကြမ်းဖက် ခဲ့သော ကျောင်းသားတစ်စုက သူတို့သားသမီးတွေ အနာဂတ်ကောင်းမွန်ဖို့ ပညာရေးအတွက် စွန့်လွှတ် ပြနေသော သူရဲကောင်းမှန်းမသိ။ သူတို့နံပါတ် တုတ်ဖြင့် ရက်ရက်စက်စက်ရိုက်နှက်လိုက်သည်က ဆူပူသောင်း ကျန်းသူ အဖျက်သမားကိုမဟုတ် သူတို့လို အောက် ခြေဝန်ထမ်းတွေ၏ သားသမီးတွေနောင်ရေးကို မြှင့်တင်ချင်သူတွေမှန်း သူတို့ကိုယ်တိုင်သိပုံမပေါ်။ ပြောရလျှင် ကျွန်တော်တို့ ငယ်ငယ်တုန်းက ကြားဖူး သည့် ပုံပြင်ထဲကအတိုင်းဖြစ်သည်။
တစ်ခါက ခဝါသည်တစ်ယောက် မြွေပါတစ် ကောင်ကို မွေးထားသည်။ နှစ် ကာလရှည်ကြာလာသည့်အခါ မြွေပါနှင့်လူတို့ ယဉ်ပါးလာသည်။ တစ်နေ့တွင် ခဝါသည် လင် မယားက နို့စို့သားငယ်ကို မြွေပါထံအပ်နှံ၍ ခဝါဖွပ်ရန်သွားကြ သည်။ ထိုစဉ် မြွေတစ်ကောင်ဝင် လာပြီး ရေသောက်ရန် မြွေပါထံ ခွင့်တောင်း၏။ မြွေပါက ကလေး ငယ်ရှိသဖြင့် ခွင့်မပြုနိုင်ကြောင်း ပြောရာ မြွေက ကလေးကို အန္တရာယ်မပြုပါဟု ကတိပေး သဖြင့် ခွင့်ပြုလိုက်၏။ မြွေရေ သောက်နေစဉ် ကလေးက မြွေ၏ ဦးခေါင်းကို ပုတ်ကစားရာ မြွေက ဒေါသ ထွက်ကာ ကလေးငယ်ကို ပေါက်၏။ ထိုအခါ မြွေပါက မြွေ ကိုအပိုင်းပိုင်းကိုက်ဖြတ်၍ သတ် သည်။ ခဝါသည်လင်မယားပြန် လာသောအခါ သားသေနှင့် သွေး များပေကျံနေသော မြွေပါကိုမြင်လျှင် မစူးစမ်းမ ဆင်ခြင်ဘဲ မြွေပါ ကို ရိုက်သတ်လေသည်။ နောက် မှ မြွေသေကိုမြင်ပြီး သူတို့မှားမှန်း သိ၏။ ပုံပြင်က သည်မျှသာဖြစ် ၏။ မှားမှန်းသိသည့်အချိန်မှာ မြွေ ပါလည်းဆုံး၊ သားလည်းဆုံးပြီ။ ရန်သူမိတ်ဆွေခွဲခြားမ သိနိုင်သည့် ဉာဏ်ပညာမဲ့မှု၏ ရလဒ်လည်း ဖြစ်သည်။
သည်နေရာမှာ ဝန်ခံစရာ တစ်ခုရှိပါသည်။ ကျောင်းသား လှုပ်ရှားမှုပေါ်ပေါက်လာစကပင် ကျွန်တော်တစ်ဦး တည်းသဘော အရ မနှစ်မြို့လှ။ ကျောင်းသား များတောင်းဆိုသောအချက်များ ကို အပြည့်အဝထောက် ခံသော် လည်း အခြေအနေအချိန်အခါ မသင့်ဟု ယူဆသောကြောင့်ဖြစ် သည်။ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဇောင်းပေးရမည့်အချိန်တွင် ပြဿနာပေါင်းများစွာ တစ်ခုပြီး တစ်ခု ဆက်တိုက်ပေါ်နေခြင်းက စနစ်တစ်ခု ကူးပြောင်းရေးအတွက် အရေးကြီးသော ပုဒ်မကိုပြင်ဆင် ရေး မှေးမှိန်ဝေဝါးစေမည်ကို စိုးရိမ်၍ဖြစ်သည်။ ယခုပင် မေလ တွင်ပြုလုပ်မည်ဆိုသော ပြည်သူ့ ဆန္ဒခံယူပွဲက မရေရာမသေချာလှ တော့။ လွှတ်တော်မှာ အမျိုးသား ပညာရေးဥပဒေ၊ မျိုးစောင့်ဥပဒေ နှင့် ဘဏ္ဍာရေးရသုံးကိစ္စများဖြင့် လုံးထွေးနေကာ အခြေခံဥပဒေ ပြင်ဆင်ရေးကို တို့ပင်မတို့နိုင် သေး။
နောက်ထပ်အချက်တစ် ချက်က လက်ရှိအစိုးရက ရာနှုန်း ပြည့်ဒီမိုကရေစီအစိုးရမဟုတ်။ ပြောရလျှင် ၂၀၁၀ ရွေးကောက် ပွဲဖြင့် အရောင်ပြအဝတ်လဲထား သော အစိုးရဆီမှာ ဒီပညာရေး စနစ်ကို ပြောင်းလဲဖို့တောင်း ဆို၍ ရနိုင်မည်မဟုတ်ဟု ထင်မြင်ယူဆ သည်လည်းပါသည်။ မလိုအပ်ဘဲ ကျောင်းသားတွေ အင်အားပြုန်း တီးမှာ စိုးရိမ်သည်လည်းပါသည်။ ကျွန်တော့် သူငယ်ချင်းတစ် ယောက် စကားငှားပြောရလျှင် ပထွေးဆီမှာ အမွေတောင်းမိ သလိုများဖြစ်နေလေသလား။ နောက်တော့ ကျောင်းသားတွေ နှင့်ညှိနှိုင်း၍ သဘောတူညီမှု ရ သည်ကို ကြားရသည်။ ဝမ်းသာလိုက်သည်က အတိုင်းမသိ။ မကြာမီ အစိုးရသတင်းစာမှာ ကျောင်း သားတွေ ပြင်ဆင်လိုသည့် ပညာရေးဥပဒေကို သေချာမဖတ်ဘဲ ထင်လုံးနှင့် ဝေဖန်သည့် စာမျိုး တွေ ဖော်ပြလာတော့သည်။ ဩော်.. ပထွေးကျင့် ပထွေးကြံ ကြံပြီဟုသာ စိတ်ထဲမှတ်လိုက် သည်။ နောက် ဆက်တွဲကတော့ ရန်ကုန်နှင့် လက်ပံတန်းအဖြေသာ ဖြစ်သည်။
သည်ပြဿနာမှာ အထူး ပြောလိုသည်က ရဲတပ်ဖွဲ့ဝင်များ ကိုဖြစ်သည်။ အထူးသဖြင့် နံပါတ်တုတ်အားကိုးဖြင့် အားရပါးရလွှဲ ရိုက်နေသော အဖွဲ့ဝင်အချို့ကို ဖြစ်သည်။ ရဲတပ်ဖွဲ့ဝင်ချင်းတူပါ လျက်၊ အမိန့်နာခံတာချင်းတူ ပါ လျက် အဘယ့်ကြောင့်လုပ်ရပ်က မိုးနဲ့မြေကဲ့သို့ ကွာခြားသွားပါ သလဲဆိုတာဖြစ်သည်။ ကျောင်းသားများကို ကာကွယ်ပေးသော ရဲ များ၊ ဖေးမသော ရဲများ ပေါ်ထွက်လာသလို ဘီလူးသရဲစီးပြီး နိုင့်ထက်စီးနင်း ပြုချင်စိတ်ရှိသော သူများ ကွက်ကွက်ကွင်းကွင်းပေါ် လာသည်။
ခင်ဗျားတို့ အားရပါးရလွှဲရိုက်နေတာ လူဆိုးသူခိုးမဟုတ်၊ ခင်ဗျားတို့ ဖိနပ်နဲ့ဆောင့်ကန် နေတာ ခင်ဗျားတို့ အသက်၊ အိုးအိမ်၊ စည်းစိမ်ကို နှောင့်ယှက်ဖျက်ဆီးမည့်သူမဟုတ်၊ ခင်ဗျား တို့ သားသမီးနောင်ရေးကို မြှင့်တင်ပေးလိုသည့် အပြစ်ကင်း သော ကျောင်းသားများသာဖြစ် သည်။ ပြောရလျှင် မြွေ၏ရန်က ကာ ကွယ်ပေးမည့် မြွေပါလေးများ သာဖြစ်သည်။ အခုတော့ ခင်ဗျားတို့ကိုယ်တိုင် မြွေပါတွေကို ရိုက်သတ်နေ ကြသည့် မြင်ကွင်းက အံ့ဩဖွယ်ဖြစ်သည်ဟုသာ ဆိုချင် ပါသည်။
နောက်တစ်ခုက ရဲတပ်ဖွဲ့၏ ဂုဏ်သိက္ခာဖြစ်သည်။ ရဲတပ်ဖွဲ့ ၏ အစဉ်အလာအရ ပြည်သူတို့၏ ယုံကြည် မှုနှင့် ကင်းဝေးသည်မှာ ကြာမြင့်နေပြီဖြစ်သည်။ ထိုအစဉ် အလာကို ချိုးဖျက်၍ ပြည်သူ အားကိုးသော၊ ယုံကြည်သော ရဲတပ်ဖွဲ့ဖြစ်ရန် ပြုပြင်ပြောင်းလဲ ဖို့ အဓိကလိုအပ်နေချိန်တွင် ယခု ရဲတပ်ဖွဲ့ဝင်အချို့၏လုပ် ရပ်က ရဲတပ်ဖွဲ့တစ်ဖွဲ့လုံး၏ ဂုဏ်သိက္ခာ ကို ထိခိုက်ညစ်နွမ်းစေပါသည်။ ကျွန်တော်တို့ငယ်ငယ်က သင် ကြားခဲ့ရသည့် ‘‘ရဲသားကြီးက ကိုလှရွှေ လူဆိုးဖမ်းဖို့ တာဝန် ကျေ’’ ဆိုသည့် စာလေးများက သမိုင်းထဲမှာ ကျန်ရစ်ခဲ့လေပြီ လား။
လမ်းမထက်တွေပေါ်မှာ တုတ်တပြက်၊ ဓားတပြက်အုပ်စု ဖွဲ့ရမ်းကားနေသော လူမိုက်များ သောင်းကျန်းနေ ချိန်တွင် ပျောက် ကွယ်နေတတ်သော ကိုလှရွှေတို့၊ လက်နက်မဲ့ကျောင်းသားအရပ် သားတွေကို နှိပ်စက် ညှဉ်းပန်းဖို့ သတ္တိအထူးရှိလှသော ကိုလှရွှေ တို့ကို တစ်ခုပြောချင်သည်။
လူမှုကွန်ရက်တွင် ကျောင်း သားတွေနိုင်တယ်ဆိုသည့် စာ တန်းလှုပ်ရှားမှုကို တွေ့ရသည်။ ကျွန်တော် ကတော့ အစိုးရနိုင်လေ သလား၊ ကျောင်းသားနိုင်လေ သလား သေချာမသိ။ သည်ကြားထဲမှာ အရှုံးကြီးရှုံး သည်က ကိုလှ ရွှေဆိုသော ရဲသားကြီးများဖြစ် ကြောင်းတော့ သေချာပါသည်။
နီဟိန်းမော် - 7day
နောက်တစ်ခုက ရဲတပ်ဖွဲ့၏ ဂုဏ်သိက္ခာဖြစ်သည်။ ရဲတပ်ဖွဲ့ ၏ အစဉ်အလာအရ ပြည်သူတို့၏ ယုံကြည် မှုနှင့် ကင်းဝေးသည်မှာ ကြာမြင့်နေပြီဖြစ်သည်။ ထိုအစဉ် အလာကို ချိုးဖျက်၍ ပြည်သူ အားကိုးသော၊ ယုံကြည်သော ရဲတပ်ဖွဲ့ဖြစ်ရန် ပြုပြင်ပြောင်းလဲ ဖို့ အဓိကလိုအပ်နေချိန်တွင် ယခု ရဲတပ်ဖွဲ့ဝင်အချို့၏လုပ် ရပ်က ရဲတပ်ဖွဲ့တစ်ဖွဲ့လုံး၏ ဂုဏ်သိက္ခာ ကို ထိခိုက်ညစ်နွမ်းစေပါသည်။ ကျွန်တော်တို့ငယ်ငယ်က သင် ကြားခဲ့ရသည့် ‘‘ရဲသားကြီးက ကိုလှရွှေ လူဆိုးဖမ်းဖို့ တာဝန် ကျေ’’ ဆိုသည့် စာလေးများက သမိုင်းထဲမှာ ကျန်ရစ်ခဲ့လေပြီ လား။
လမ်းမထက်တွေပေါ်မှာ တုတ်တပြက်၊ ဓားတပြက်အုပ်စု ဖွဲ့ရမ်းကားနေသော လူမိုက်များ သောင်းကျန်းနေ ချိန်တွင် ပျောက် ကွယ်နေတတ်သော ကိုလှရွှေတို့၊ လက်နက်မဲ့ကျောင်းသားအရပ် သားတွေကို နှိပ်စက် ညှဉ်းပန်းဖို့ သတ္တိအထူးရှိလှသော ကိုလှရွှေ တို့ကို တစ်ခုပြောချင်သည်။
လူမှုကွန်ရက်တွင် ကျောင်း သားတွေနိုင်တယ်ဆိုသည့် စာ တန်းလှုပ်ရှားမှုကို တွေ့ရသည်။ ကျွန်တော် ကတော့ အစိုးရနိုင်လေ သလား၊ ကျောင်းသားနိုင်လေ သလား သေချာမသိ။ သည်ကြားထဲမှာ အရှုံးကြီးရှုံး သည်က ကိုလှ ရွှေဆိုသော ရဲသားကြီးများဖြစ် ကြောင်းတော့ သေချာပါသည်။
နီဟိန်းမော် - 7day
%2B14-3-2015%2BSat.jpg)
မှတ်ချက်များ