မြောက်ဦးမှ ကြေးသွန်းဗျာလရုပ်များ ထိုင်းနိုင်ငံက မှာယူမှုများလာ


မြောက်ဦးမြို့ရှိ ကြေးသွန်းအရောင်းဆိုင်များတွင် တွင်ကျယ်စွာ ရောင်းချလာသည့် ကြေးသွန်းဗျာလရုပ်များ ကို ပြည် တွင်းဧည့်သည်များသာမက ထိုင်း နိုင်ငံကပါ မှာယူမှုများရှိလာကြောင်း သတင်းရရှိသည်။

‘‘ကြေးသွန်းရုပ်တွေကတော့ ဗုဒ္ဓဆင်းတုတော်၊ ဝေသာလီခေတ် ဆီးမီးခွက်နဲ့ ဗျာလရုပ်တွေကို အများဆုံး သွန်းလုပ်ရောင်းချရပါတယ်။ အဲဒီအထဲမှာ ဗျာလရုပ်တွေက လူကြိုက်ပိုများပြီး အ ရောင်းရဆုံး ပစ္စည်းတစ်ခု ဖြစ်နေ ပါတယ်။ မြောက်ဦးမြို့ကို လာ ရောက်လည်ပတ်တဲ့ ပြည်တွင်း၊ ပြည်ပဧည့်သည်တော်တော်များ များ ဗျာလရုပ်ကို ၀ယ်ယူကြပါ တယ်။ အခုနောက်ပိုင်း ထိုင်းနိုင်ငံ က အမှာများလာတဲ့အတွက် ဒီ ရက်ထဲကို ဗျာလကြေးသွန်းရုပ် အကောင်သုံးဆယ် ပို့လိုက်ရပါ တယ်’’ ဟု ကြေးသွန်းပစ္စည်းအ ရောင်းဆိုင်ရှင်တစ် ဦးက ပြော သည်။

ဗျာလရုပ်မှာ သတ္တ၀ါ ကိုး ကောင်၏ အကောင်းဆုံး အင်္ဂါအစိတ်အပိုင်းများဖြင့် ဖွဲ့စည်းထု လုပ်ထားခြင်းဖြစ် ပြီး ထုလုပ်ထား သည့် ဒီဇိုင်းနှင့် ဟန်ပန်တို့မှာလည်းအမျိုးအစားကွဲပြားမှုရှိပြီး လက်ရှိ အရောင်းရဆုံး ဗျာလရုပ်ဟန်မှာ တိုက်ခိုက်ရေးနှင့် ငြိမ်းချမ်းရေး ဟန်ဖြစ်ကြောင်း ရှေးဟောင်းသု တေသနဌာနမှ စာ ကြည့်တိုက် တွင် ဖွင့်ထားသည့် အရောင်းဆိုင် ၀န်ထမ်းတစ်ဦးက ပြောသည်။

ကြေးသွန်းဗျာလရုပ်များမှာ အရွယ်အစားအလိုက် တစ်ကောင်လျှင် ငါးထောင်ကျပ်မှ တစ်သိန်း ကျပ်အထိ ဈေးရှိနေပြီး လက်ရာ အပေါ်မူတည်၍ ဈေးနှုန်းမြင့်မား မှုရှိကြောင်း သိရသည်။

ဗျာလကြေးသွန်းရုပ်များကို ဆောင်ထားလျှင် လာဘ်ကောင်းခြင်း၊ အလုပ်အကိုင် အောင်မြင်ခြင်းနှင့် ဘေးအန္တရာယ်ကင်းခြင်း ရရှိကြောင်း ရခိုင်ဒေသခံများက ယုံကြည်ထားကြသည်။

မောင်ကံ - 7day

မှတ်ချက်များ