![]() |
| ပျဉ်းမနား သကြားစက် အမှတ်(၂) အ၀င်ဂိတ် (ဓာတ်ပုံ− နန်းအောင်) |
ပျဉ်းမနားသကြားစက်အနီး ကြံစိုက်ကျေးရွာများဖြစ်သည့် ကျီးအင်း၊ ညောင်ပင်ဝိုင်း၊ ဆင် သေ၊ မင်းကုန်း၊ ဦးကျေး၊ ကြံဖို၊ ဒကောက်ချောင်း၊ ကံသာ၊ ဂွေး ပင်ရိုး၊ သနပ်ပင် စသည့် ကျေးရွာအုပ်စုများမှ ကြံတောင် သူများ အား ကြံဖိုးငွေမရှင်းပေးသည့် အတွက် ကြံလုပ်သားများကို လုပ်အားခဖြေရှင်းပေးရန် အခက်အ ခဲရှိနေကြောင်း ကြံစိုက်တောင်သူများက ပြောသည်။
‘‘အဓိက,ကတော့ နှစ်လ ပိုင်း ၁၆ ရက်ကနေပြီးတော့ သုံး လပိုင်း ၁၁ ရက်အထိ ပြီးသွားပါ ပြီ။ အဲဒီအချိန် ထိကို ငွေတွေတစ် ပြားမှ မရသေးပါဘူး။ ဒီစက်ရုံမှာ ချတဲ့ တောင်သူတိုင်းပါ။ ကျွန် တော်တို့ ကျီးအင်းတစ် အုပ်စုလုံး မှာတောင် တန်တစ်ထောင်ကျော် ကျော်လောက်ကျန်နေသေးပါ တယ်။ ကျန်တဲ့ကျေးရွာအုပ်စုတွေ လည်း အများကြီးကျန်နေသေး တယ်’’ဟု ကျီးအင်းကျေးရွာမှ ကြံ စိုက်တောင်သူ ဦးသန်းထွန်းက ပြော သည်။
ကြံဖိုးငွေရှင်းပေးရန် ကြံစိုက်တောင်သူများက စက်ရုံငွေစာရင်းဌာနမှ ဦးဆန်းရွှေထံ သွားရောက်တင်ပြပြော ဆိုခဲ့သော်လည်း ၎င်းနှင့်မသက်ဆိုင်ကြောင်း စက်ရုံမှူးနှင့်သာတွေ့ဆုံမေးမြန်းရန် ပြောခဲ့ကြောင်း ကြံ စိုက်တောင်သူ ဦးလှဦးက ပြောသည်။
‘‘စက်ရုံတွေက တစ်လ ကျော်လာပြီဖြစ်တဲ့အတွက် ငွေ မရှင်းပေးဘဲနေနေရတာဖြစ်တဲ့ အတွက် တောင် သူတွေတအားကို ခက်ခဲနေတယ်။ ကြံစိုက်တောင် သူတွေက ကျွန်တော့်ကို ပြော တယ်။ ကျွန်တော်က စက်ရုံကို ပြောတယ်။ စက်ရုံကလည်း ဒါ တွေကို တာဝန်ခံပြီးမဖြေရှင်းပေး ဘူး။ ကျွန်တော်တို့က ငွေပေး တာဝန်ခံဦးဆန်းရွှေကိုသွားတွေ့ တယ်။ သွားတွေ့တော့လည်း သူက ကျွန်တော်တို့နဲ့ ထွက်မတွေ့ဘူး။ သူမသိဘူး စက်ရုံမှူးကိုသွား ပြောပါလို့ပြောတယ်။ စက်ရုံမှူး ကိုပြောပြန်တော့လည်း သူမသိ ဘူးလို့ တစ်ယောက်နဲ့ တစ် ယောက် ပုတ်ချပြီးပြောတယ်’’ဟု ညောင်ပင်ဝိုင်းကျေးရွာ ကြံဒိုင် ကော်မတီဝင် ဦးလှဦးက ပြော ကြားသည်။
စက်ရုံမှ ငွေမရှင်းပေးသည့် အတွက် ကြံစိုက်တောင်သူများက လုပ်အားခနှင့် လှည်းခများပေး ချေရန် အခက် အခဲများရှိနေပြီး အိမ်ရှိလှည်းနှင့် စပါးများရောင်းချ ကာ လုပ်အားခများဖြေရှင်းပေး နေရသည်ဟုဆိုသည်။
‘‘သူတို့ဆီက ကျွန်တော်တို့ ယူထားတဲ့ အကြွေးကျတော့ ၁၁ လပိုင်းလောက်ကတည်းက သူတို့က အကြွေးပြန်သိမ်းပြီးသား။ အားလုံးအကျေဆပ်ပြီးပြီ။ ကျွန် တော်တို့မှာကျတော့ တကယ်လုပ်ရပြီး အခုမှ ခုတ်ခတွေရော လှည်း ခတွေပါ အရင်တစ်ပတ်က မိန်းမနားတောင်းပေါင်ပြီးပေးထားရ တယ်။ အခု ကျတော့ပေါင်ပေး စရာလည်းမရှိတော့ဘူး’’ဟု ဆင် သေကျေးရွာ ကြံစိုက်တောင်သူ ဦးမောင်ကြိုင်က ပြောသည်။
ယင်းကိစ္စနှင့် ပတ်သက်၍ ကြံစက်ရုံသို့ သွားရောက်မေးမြန်းခဲ့ရာ ‘‘ကျွန်တော်တို့က နှစ်စကတည်းကပဲ ရက်ချိန်းငွေချေ စနစ်နဲ့ ရှင်းခဲ့တာ။ ကြံချငွေချေ စနစ်မဟုတ်ဘူး။ တစ်ပတ်အတွင်း အဲဒီလိုပဲ အပြီးအပြတ် ရှင်းလာတာ တခြားရည်ရွယ်ချက်တော့မရှိပါ ဘူး။ သကြားကုန်ချောရောင်းတဲ့ ဈေးကလည်း ကျသွားတာ လည်း ပါတာပေါ့။ တစ်ဖက်က ကုန်ချော ထွက်တဲ့စရိတ်က ငွေထွက်မလာ တော့ ဒီဘက်ကငွေနည်း နည်းကြန့် ကြာသွားတယ်။ ဒါပေမဲ့ ကျွန်တော် တို့ ဒီလကုန်တော့ အပြီးအပြတ် ရှင်းပေးမယ့်အစီအစဉ်လုပ် ထားပါ တယ်’’ဟု ငွေစာရင်းဌာနမှ ဦးဆန်း ရွှေက ပြောသည်။
၂၀၁၄ နိုဝင်ဘာ ၂၂ ရက်မှ ၂၀၁၅ ဖေဖော်ဝါရီ ၁၆ ရက်အထိ ကြံဖိုးငွေများရှင်းပေးခဲ့ပြီဖြစ်ပြီး ကြံဖိုးရှင်းရန် ကျန်သည့် ကြံတန်ချိန် ၁၈,၀၀၀ နှင့် ကျန်ရှိသည့် တန်ချိန်ငွေများကို မတ်လကုန်တွင် အပြီးပေးချေပေး မည်ဟု ဦးဆန်းရွှေက ပြောကြားသည်။
နန်းအောင် - 7day

မှတ်ချက်များ