နေပြည်တော်တွင် မတ်ပဲဈေးတက်
ရာသီဥတုဖောက်ပြန်သဖြင့် နေပြည်တော် ပျဉ်းမနားတစ်ဝိုက်ရှိ မတ်လပဲစိုက်ခင်းများ ယခုနှစ်တွင် ပဲအ ထွက်နှုန်းထက် ၀က်ခန့် လျော့ကျခဲ့သော်လည်း ရန်ကုန် ပဲကုန်သည်များ လာ ရောက်ဝယ်ယူမှု များပြားလာ သည့်အတွက် တစ်တင်းလျှင် ကျပ်တစ်သောင်းခန့် ဈေးတက်လာ ကြောင်း သတင်းရရှိသည်။
‘‘မနှစ်က ဈေးထက်စာရင် တော့ ဒီနှစ်က ပေါက်ဈေးတစ် သောင်းလောက်ပိုတယ်။ တစ် တင်းကို တစ်သောင်းပိုတယ်။ ထွက်နှုန်းကတော့ လျော့တယ် ပေါ့။ ဈေးနှုန်းကပိုတယ်’’ဟု နတ် မြင်းပျံပဲပွဲရုံပိုင်ရှင် ဦးတင်စိုးက ပြောသည်။
ယခုနှစ် ပဲစိုက်ရာသီတွင် မိုးနောက်ကျခဲ့သည့်အတွက် နေပြည်တော် ပျဉ်းမနားမြို့နယ်အတွင်းရှိ ပဲစိုက်ခင်း များ အ ထွက်နှုန်း လျော့နည်းခဲ့ပြီးယမန်နှစ်နှင့် နှိုင်းယှဉ်ပါက ၃၀ ခန့်သာ ထွက်ရှိကြောင်း ပဲစိုက်တောင် သူများကပြောသည်။
လက်ရှိတွင် မတ်ပဲတစ်တင်းလျှင် ၂၉,၅၀၀ ကျပ်၊ ဆီပဲ ၂၈,၇၀၀ ကျပ်၊ ကုလားပဲ ၁၆,၀၀၀ ကျပ်၊ ပဲကြီး ၂၃,၅၀၀ ကျပ်၊ ပဲတီစိမ်း ၃၈,၀၀၀ ကျပ် ဖြင့် ရောင်းဝယ်နေကြောင်း သိရ သည်။
ရန်ကုန် ဈေးကွက်တွင် လည်း ယခု ရက်ပိုင်းအတွင်း အိန္ဒိယနိုင်ငံကို အဓိကအားထား ရောင်းနေရသော မတ်ပဲနှင့် ပဲစင်း ငုံသည် တစ်တန်လျှင် ကျပ်၅၀,၀၀၀ ကျော်ထိ ဈေးမြင့်လာ သည်။ ယခင်တစ်ပတ်က တစ်တန်လျှင် ကျပ် ၈၉၀,၀၀၀ ၀န်းကျင်ရှိသော မတ်ပဲမှာ ယနေ့တွင် တစ်တန်လျှင် ကျပ် ၉၄၀,၀၀၀ ကျော် အထိ ဈေးမြင့်တက်လာသည်။ ပဲစင်းငုံမှာလည်း တစ်တန်လျှင် ၈၇၀,၀၀၀ မှ ယနေ့တွင် ကျပ်၉၂၀,၀၀၀ ကျော်ထိ ဈေးရှိလာ သည်။
နန်းအောင် - 7day

မှတ်ချက်များ