ဘင်္ဂါလီများအား နိုင်ငံသားစိစစ်ရန် စူးစမ်းလေ့လာရေးကော်မတီဖွဲ့စည်းရေး ရခိုင်ပြည်နယ်လွှတ်တော် အတည်ပြု


မြန်မာနိုင်ငံသားဥပဒေ ဖြင့် နိုင်ငံသားစိစစ်ရေးလုပ်ငန်း များဆောင်ရွက်ရာတွင် ပိုမိုတိကျ သေချာစွာ အကောင်အထည် ဖော်နိုင်ရေး စူးစမ်းလေ့လာရေး ကော်မတီတစ်ရပ် ဖွဲ့စည်းရန် ရခိုင်ပြည်နယ် လွှတ်တော်က အတည်ပြုလိုက်ကြောင်း သတင်း ရရှိသည်။

မတ်လ ၁၃ ရက်က ကျင်းပ သည့် ပထမအကြိမ် ရခိုင်ပြည် နယ်လွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်း အဝေးတွင် မြေပုံမဲဆန္ဒနယ် အမှတ်(၁)မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဝင်းက အထက်ပါ အတိုင်း အဆိုတင်သွင်းခဲ့ခြင်းဖြစ်သည်။

ဘင်္ဂါလီများအား နိုင်ငံသား စိစစ်မှုကိစ္စမှာ ရခိုင်တိုင်းရင်းသား များသာမက ပြည်ထောင်စုတစ် ဝန်းလုံးတွင် နေထိုင်ကြသည့် တိုင်းရင်းသားများ၏ အနာဂတ် ကံကြမ္မာဖြစ်ပြီး မျိုးဆက်သစ်များ အတွက် အနာဂတ် အန္တရာယ်ကို ကြိုတင်ကာကွယ်ရန် တာဝန်ရှိ ကြောင်း၊ လွှတ်တော်အနေဖြင့် အားလုံးကို လက်ပိုက် ကြည့်နေ မည်ဆိုပါက သမိုင်းတရားခံများ ဟု စွပ်စွဲခံရမည့်အပြင် တာဝန် မကျေသူများအဖြစ် မှတ်တမ်း တင်ခံရမည်ဖြစ်ကြောင်း ဦးအောင်ဝင်း၏ အဆိုတွင် ဖော်ပြထားသည်။

မြေပုံမြို့နယ်တွင် ကနဦးစီမံ ကိန်းနေရာအဖြစ် သတ်မှတ်ပြီး ဘင်္ဂါလီများကို စိစစ်မှုဆောင်ရွက် ရာတွင် နိုင်ငံသား မဖြစ်သင့်၊ မဖြစ်ထိုက်သူများမှာ နိုင်ငံသား ဖြစ်ခဲ့ပြီး နိုင်ငံသားဥပဒေနှင့်မညီညွတ်ဘဲ နိုင်ငံ သားပြုခွင့်ရသူများ အဖြစ် သတ်မှတ်ခဲ့မှုများရှိခဲ့သည်ဟု ဦးအောင်ဝင်းက ဆိုသည်။

မောင်ကံ - 7day

မှတ်ချက်များ