နယူးဇီလန်နိုင်ငံ တွင် မြန်မာယူ-၂ဝအသင်းကို လိုက် ပါအားပေးမည့် ပရိသတ်များ အနေ ဖြင့် တစ်ဦးလျှင် အမေရိကန်ဒေါ်လာ ၅ဝဝဝကျော် ကုန်ကျမည်ဖြစ်ကြောင်း ယင်းခရီးစဉ်ကို စီစဉ်ပေးမည့် NZ PURE ကုမ္ပဏီမှ သိရသည်။
အဆိုပါပြိုင်ပွဲကို လိုက်ပါအား ပေးလိုသည့် မြန်မာပရိသတ်များ အတွက် လေယာဉ်လက်မှတ်၊ ဗီဇာ နေထိုင်မှု၊ အစားအသောက်နှင့်ဘော လုံးပွဲနှစ်ပွဲ ကြည့်ရှုခွင့်ရရှိမည်ဖြစ် သည်။
ယင်းနှင့်ပတ်သက်၍ NZ PURE ကုမ္ပဏီမှ ဦးစည်သူဝင်း က''လက်ရှိမှာ စီစဉ်ပေးနေတာ ၁ဝ ဦးလောက်ရှိပါပြီ။ မြန်မာအသင်း ကစားမယ့်ပွဲပါ၊ လက်ရှိဈေးနှုန်းက မတ်လကုန်အထိ အာမခံပေးနိုင်ပေ မယ့် အချိန်နောက်ကျရင် ဗီဇာရဖို့ အခွင့်အရေးနည်းသလို ဈေးနှုန်းက လဲပိုများနိုင်ပါတယ်''ဟု ဆိုသည်။
ထို့အပြင် နယူးဇီလန်ခရီးစဉ် ကို အမျိုးအစားလေးမျိုးခွဲခြားထား ပြီး ၉ညအိပ် ၁ဝရက်ခရီးစဉ်အတွက် လေယာဉ်လက်မှတ်ခနှင့်ဗီဇာကြေး အပါအဝင် အမေရိကန်ဒေါ်လာ ၅၂၇ဝ၊ ငါးညအိပ်ခြောက်ရက်ခရီး စဉ်အတွက် လေယာဉ်လက်မှတ်ခ နှင့်ဗီဇာကြေးအပါအဝင် အမေရိကန် ဒေါ်လာ ၄ဝ၅ဝ ဝန်းကျင်ကုန်ကျ နိုင်ဖွယ်ရှိပြီး အနည်းဆုံးလူရှစ်ဦးအ ထက်သွားမည်ဆိုပါက သီးသန့် Package Tour အနေဖြင့် စီစဉ်ပေး နိုင်ကြောင်း သိရသည်။
NTL - ဒီမိုကရေစီတူဒေး

မှတ်ချက်များ