ချစ်သူနှစ်ဦး အပြန်အလှနှ်အကြည်စိုက်နေသည်ကို ကြည့်မရသဖြင့် ခေါက်ဆွဲနှင့် ပက်လောင်း


အမျိုးသမီးတစ်ဦးနဲ့ သူ့ရည်းစားဟာ လူရှေ့သူရှေ့ နှစ်ဦးနှစ်ဖက်ချစ်ခင်ကြင်နာမှုပြနေကြတာ ကြည့်မရ တာကြောင့် အဲ့ဒီအမျိုးသမီးကို လက်တွဲဖော်မရှိတဲ့ အခြား အမျိုးသမီးတစ်ဦးက ဂျုံခေါက်ဆွဲတစ်ပွဲနဲ့ ပက်လောင်းခဲ့တယ်လို့ China News Service သတင်းအစီရင်ခံစာမှာ ဖော်ပြခဲ့ပါတယ်။

Lei အမည်ရှိ ပက်လောင်းခံရသူ နဲ့ သူမရဲ့ချစ်သူတို့က Chen အမည်ရှိ ကိုယ်ထိလက်ရောက်ရန်ပြုသူရဲ့ ဘေးချင်းကပ် စားပွဲခုံမှာ ကပ်လျက်ထိုင်နေကြတာဖြစ်ပါတယ်။ သူမရဲ့ ချစ်သူကို ဝါးပြီးသား ထမင်း ခွန့်ကျွေးလို့ Chen က ဒေါသထွက်သွားခဲ့တာ ဖြစ်ပါတယ်။

Lei ချစ်သူက Chen ကို ရဲစခန်းတစ်ခုကို ခေါ်သွားတဲ့အခါ သူမအမှားအတွက် လျော်ကြေးအဖြစ် ယွမ် ၆၀၀ နဲ့ တောင်းပန်ဖို့ Chen အား ရဲတွေကနေ တောင်းဆိုခဲ့ပြီး ပြဿနာပြေလည်အောင် ကြားဝင်ဖြန်ဖြေပေးခဲ့ကြ ပါတယ်။

ပေါ်ထွန်း | Trend Myanmar

မှတ်ချက်များ