အလူမီနီယံဆိုင်ရှိမီးခံသေတ္တာကို ၀န်ထမ်းကခိုးယူ
ရန်ကင်းမြို့နယ်အတွင်းအလူမီနီယံအရောင်းဆိုင်မှ မီးခံ သေတ္တာကို အရောင်းဝန်ထမ်းက ခိုးယူမှု မတ်လ ၂၄ ရက်တွင် ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိ‑သည်။
ရန်ကင်းမြို့နယ်ရှိ Alu-Guardian မှန်နှင့် အလူမီနီ ယံအရောင်းဆိုင်မှ ကျပ် ၂၉ သိန်းကျော်ပါဝင်သော မီးခံသေတ္တာတစ်ခုကို ယင်းဆိုင်မှ အရောင်းဝန်ထမ်းတစ်ဦးက မတ်လ ၂၄ ရက် နံနက်အစောပိုင်းတွင် ခိုးယူသယ်ဆောင်ခြင်းဖြစ်သည်ဟု အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။
‘‘ဆိုင်ဘေးက ကျောက်ပြား ကို ၀က်အူနဲ့ ကလန့်ချိုးပြီး လူတစ် ကိုယ်စာဝင်ပေါက်ဖောက်ပြီး အ ထဲဝင်သွား တာ။ အထဲက မီးခံ သေတ္တာကို ၀က်အူလှည့်တွေ၊ ပ လာယာတွေသုံးပြီး ဖွင့်တာမရ တော့ သေတ္တာလိုက် အပြင်ကို ခိုး သယ်သွားတာ’’ဟု အရှေ့ပိုင်း ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။
အဆိုပါ မီးခံသေတ္တာခိုးယူခံ ရသည့် အရောင်းဆိုင်သည် နေ့စဉ်နံနက် ၈ နာရီခွဲမှ ညနေ ၅ နာရီအထိ ဖွင့်လှစ်ရောင်းချလျက်ရှိပြီး ဆိုင်ပိတ်ချိန်တွင် ညစောင့်နှစ်ဦး ဖြင့် စောင့်ကြပ်သော်လည်း ခိုးယူခံရသည့် နံနက် ၁ နာရီတွင်မီးပျက်နေခဲ့သည်ဟု သိရသည်။
ငွေကျပ် ၂၉ သိန်းကျော်ပါဝင်သည့် မီးခံသေတ္တာကို ခိုးယူသယ်ဆောင်သွားသည့် ယင်းဆိုင်မှ အရောင်းဝန် ထမ်းသည် ဒဂုံဆိပ်ကမ်းမြို့နယ်နေသူဖြစ်ပြီး အသက်(၂၀) နှစ်ခန့်သာရှိသေးကြောင်း သိရသည်။
အဆိုပါ မီးခံသေတ္တာကို သယ်ဆောင်ခိုးယူသွားသည့် Alu-Guardian ဆိုင်ဝန်ထမ်း လူမင်း ခန့် (ခ) ကျော်ဖြိုးအောင်ကို ပြစ်မှုပုဒ်မ ၃၈၀ ဖြင့် ရန်ကင်းမြို့မရဲ စခန်းက အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
7 day

မှတ်ချက်များ