ဘန်ကောက်မြို့၏ ကားလမ်းမများနှင့် ယှက်ဖြာနေသော ဂုံကျော်တံတားများ





ဘန်ကောက်မြို့မှာ ဂုံကျော်တံတားတွေဟာ နှစ်ထပ် သုံးထပ် အပြင် အပေါ်ဆုံးမှာ မိုးပျံရထားကြီး ကလည်း အချိန်နှင့် တပြေးညီခုတ်မောင်းလျှက် ရှိနေပါတယ်။ ဂုံကျော်တံတားတွေ နှစ်ထပ် သုံးထပ် ရှိနေလည်း ကားတွေ အရမ်းများတော့ ကားပိတ်ပါတယ်။ တစ်ခု ရှိတာကတော့ ကားပိတ်နေပေမယ့်လည်း တစ်စီးနှင့် တစ်စီး ကျော်ခြင်း ခွခြင်း မရှိ သူ့လမ်း ကိုယ့်လမ်း မလု အားလုံး ညီညာစွာတန်းစီပြီး စနစ်တကျ စည်းကမ်းရှိစွာ မောင်းနှင်းကြ ပါတယ်။

သူတို့ဆီမှာ လမ်းနှစ်မျိုးရှိပါတယ်။ တစ်ခုကတော့ အမြန်းလမ်းပေါ့ နောက်တစ်ခုကတော့ ပုံမှန်လမ်းပါ။ ကိုယ့်အနေနဲ့ အရေးကြီး တယ်ဆိုရင် အမြန်းလမ်းကို သုံးနိုင်ပါတယ်။

ဒါပေမယ့် အမြန်လမ်းကို သုံးသူတွေဟာ မီးပွိုင့်မစောင့်ရဘူး လမ်းမှာကောက်ခံတဲ့ ဂိတ်အသီးသီးကို ဂိတ်ကြေးပေးဆောင် ရပါတယ်။ 

ပုံမှန်လမ်းကတော့ မီးပွိုင့်စောင့်ရမယ် ဂိတ်ကြေးပေးစရာ မလိုဘူးပေါ့။တကယ်၍ ကိုယ်ပိုင်ကား မရှိဘူး တစ်ခုခုကို အရေးတကြီး သွားဖို့အလိုရှိတယ် ဆိုရင်တော့ မိုးပျံရထားက အကောင်းဆုံးပါ။

၁၅ မိနစ်မှာ တစ်စီးလိုလိုထွက်ပါတယ်။ ဒါကလည်း ဘန်ကောက်၏ ကောင်းမွန်သော ဆက်သွယ်ရေး တစ်ခုဆိုလည်း မှားမယ် မထင်ပါဘူး။

ကျော်လင်းနိုင် (ရိုးရာလေး)

မှတ်ချက်များ