စိစစ်ရေး ခွင့်ပြုချက်ဖြင့်သာ သင်္ကြန်သံချပ်ထိုးရမည်


သင်္ကြန်သံချပ်ထိုးတာနဲ့ သီချင်းစပ်ဆိုတာတွေကို မဟာသင်္ကြန်သီချင်း၊ သံချပ်စိစစ်ရေး ကော်မတီရဲ့ ခွင့်ပြု ချက်နဲ့ ဆောင်ရွက်ရမယ်လို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က အသိပေး ထုတ်ပြန် လိုက်ပါတယ်။

အခုနှစ် ၂၀၁၅ မြန်မာ့ရိုးရာ ယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်မှာ သင်္ကြန်သီချင်း စပ်ဆိုခြင်း၊ သံချပ် ထိုးခြင်းတွေ လုပ်တဲ့အခါ အသုံးပြုတဲ့ စာသားတွေကို တိုင်းဒေသကြီး အစိုးရအဖွဲ့က ဖွဲ့စည်းထားတဲ့ မဟာ သင်္ကြန်သီချင်း၊ သံချပ်စိစစ်ရေးကော်မတီကို မတ် ၂၅ ရက် နောက်ဆုံးထား တင်ပြဖို့လည်း ထုတ်ပြန်ချက်မှာ ညွန်ကြားထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ် သင်္ကြန်မှာလည်း သံချပ်ထိုးတာတွေကို တိုင်းဒေသကြီး အစိုးရအဖွဲ့ဆီကို တင်ပြဖို့ လုပ်ဆောင်ခဲ့တာကြောင့် သံချပ်ထိုးသူတွေ မကျေမနပ် ဖြစ်ခဲ့ကြပါတယ်။

DVB

မှတ်ချက်များ