တရုတ်-အာစီယံလူငယ် ယူ ၁၅ ပြိုင်ပွဲတွင် မြန်မာက တရုတ်ကို ၁ ဂိုး ဂိုးမရှိဖြင့် အနိုင်ရ


တရုတ်-အာစီယံ လူငယ် ယူ ၁၅ ဘောလုံးပြိုင်ပွဲ အုပ်စု တတိယပွဲမှာ မြန်မာလူငယ်အသင်းက တရုတ်လူ ငယ်အသင်းကို ၁ ဂိုးဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။ အဲဒီပွဲစဉ်ကို ဂွမ်ဇီပြည်နယ် ဒုံဇင်းမြို့တော်မှာ ယှဉ်ပြိင်ခဲ့ ပြီး အရင်ပွဲစဉ်တွေမှာ ရလဒ်မကောင်းတဲ့ မြန်မာအသင်းဟာ အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ရပါတယ်။

တရုတ်ယူ ၁၅ အသင်းကို နောက်ဆုံး မိနစ်အထိ တောက်လျှောက် တိုက်စစ်ဆင် ကစားခဲ့ရပြီးမှ အနိုင်ဂိုး ကို ပွဲချိန် ၇၃ မိနစ်မှာ ဟိန်းထက်အောင်က ကန်သွင်းနိုင်တာလို့ မြန်မာဘောလုံးအဖွဲ့ချုပ်က သတင်း ထုတ်ပြန်ထားပါတယ်။

တရုတ်လူငယ်အသင်းဟာ ဂိုးပေးလိုက်ရပြီး နောက်ပိုင်းမှာ ကစားအား ကျသွားခဲ့လို့ မြန်မာအသင်း ဖိ အားပေး ကစားနိုင်ပေမယ့် ဂိုးထပ်မသွင်းဘဲ တဂိုးတည်းနဲ့ အနိုင်ရခဲ့တာပါ။ အုပ်စု ပွဲစဉ်တွေ ပြီးဆုံးချိန် မှာတော့ အမှတ်ပေးဇယားမှာ ဗီယက်နမ်က ၇ မှတ်နဲ့ ဦးဆောင်နေပြီး မလေးရှားက ၄ မှတ်နဲ့ ဒုတိယ၊ မြန်မာက ၃ မှတ်နဲ့ တတိယ၊ တရုတ်ကလည်း ၃ မှတ်နဲ့ စတုတ္ထနေရာမှာ ရပ်တည်နေပါတယ်။

ပြိုင်ပွဲစည်းမျဉ်းတွေအရ အုပ်စု ပထမနဲ့ ဒုတိယရတဲ့အသင်းတွေ ဗိုလ်လုရမှာဖြစ်ပြီး တတိယနဲ့ စတုတ္ထရတဲ့ အသင်းတွေက တတိယနေရာအတွက် ယှဉ်ပြိုင်ရမှာပါ။ ဗိုလ်လုပွဲနဲ့ တတိယနေရာလုပွဲတွေကို မတ်လ ၁၁ ရက်နေ့မှာ ယှဉ်ပြိုင်ဖို့ သတ်မှတ်ထားပါတယ်။

DVB

မှတ်ချက်များ