မိခင်နို့များ အွန်လိုင်းတွင်ရောင်းချနေမှု ထိန်းချုပ်ရန်လို


ကလေးငယ်များကို အန္တရာယ်ရှိနိုင်သည့် အဆိပ်အတောက်ဖြစ်စေနိုင်သော မိခင်နို့များ အွန်လိုင်းမှ ရောင်း ချနေမှုကို ကျန်းမာရေးစောင့်ကြပ်သူများက ထိန်းချုပ်သင့်ကြောင်း BMJ ဆေးပညာဂျာနယ်၏ အယ်ဒီတာ့ အာဘော်တွင် ရေးသားဖော်ပြထားသည်။

မိခင်သစ်များမှာ ၎င်းတို့၏ ရင်သွေးငယ်များကို မိခင်နို့တိုက် ကျွေးရန် လူမှုရေးဖိအားများစွာနှင့် ရင်ဆိုင်နေ ကြပြီး ကျန်းမာရေးနှင့်ညီသော အာဟာရအကျိုးကျေးဇူးများစွာရှိသည့် မိခင်နို့ကို ၎င်းတို့ကိုယ်တိုင် မတိုက်ကျွေးနိုင်သော မိခင်များမှာ အွန်လိုင်းပေါ်တွင် ရောင်းချနေသော မိခင်နို့များကို ၀ယ်ယူအသုံးပြုမှု ပိုများလာကြောင်း သိရသည်။

မိခင်နို့ကို အွန်လိုင်းမှ ၀ယ်ယူခြင်းမှာ ထိန်းချုပ်မှုရှိသော မိခင်နို့ ဘဏ်များမှ ၀ယ်ယူခြင်းထက် ဈေးပိုသက် သာသည်။ ယင်းအ ကြောင်းရင်းကြောင့် အွန်လိုင်းမှ မိခင်နို့ရောင်းချသူများမှာ အလှူ ရှင်များကို စစ်ဆေးခြင်း၊ သိုလှောင်ထားရှိခြင်းနှင့် သန့်ရှင်းသော အခြေအနေများဖြင့် ပို့ဆောင်ပေးခြင်းစသော ကုန်ကျစရိတ်များနှင့် ပတ်သက်၍ ဆောင်ရွက်ရန် ပျက်ကွက်ကြကြောင်း BMJ ဆေး ပညာဂျာနယ်၏ အယ်ဒီတာ့အာဘော်ကဏ္ဍတွင် ရေးသားဖော်ပြ ထားသည်။

လိုင်စင်ရရှိထားပြီးသော နို့လှူဘဏ်များမှ အလှူရှင်များ၏ မိခင်နို့ကဲ့သို့မဟုတ်ဘဲ အွန်လိုင်းမှ ရောင်းချသူများ မှာ နို့ရည်ကို သိပ္ပံနည်းကျ စစ်ဆေးမှုခံယူရန် မလိုအပ်သဖြင့် အသည်းရောင် အသားဝါ ဘီပိုး၊ စီပိုး၊ HIV၊ သွေးကင်ဆာ အပါအ၀င် အခြားရောဂါများ ဖြစ်စေနိုင်သော ဗိုင်းရပ်စ်များနှင့် ဆစ်ဖလစ်ရောဂါတို့ ယင်း နို့ရည်များတွင် ပါ၊ မပါ ဆိုသည်ကို စစ်ဆေးခြင်းမရှိဘဲ ဖြစ်နေလေ့ ရှိသည်ဟု BMJ ဂျာနယ်က ဖော်ပြသည်။

အွန်လိုင်းမှ ရောင်းချသော မိခင်နို့ရည် အများစုတွင် အန္တရာယ် ဖြစ်နိုင်သော ရောဂါပိုးမွှားများ (သို့မဟုတ်) မသန့်ရှင်းမှုများ ပါဝင် ကြောင်း လေ့လာမှုများစွာက ဖော်ပြသည်။

7Day

မှတ်ချက်များ