မတ်လ ၂၇ ရက် (တပ်မတော်နေ့)တွင် မြေနီကုန်း ခုံးကျော်တံတားပေါ်သို့ ကားများ စတင်ဖြတ်သန်းခွင့်
ပြုတော့မည် ဖြစ်ကြောင်း အဆိုပါခုံးကျော် တံတားဆောက်လုပ်ရေးကုမ္ပဏီ မှ သတင်းရရှိသည်။
မြေနီကုန်းခုံးကျော်တံတား တည်ဆောက်မှုမှာ ၉၉ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကာ ကတ္တရာခင်း ခြင်းလုပ်ငန်း စတင်ဆောင်ရွက် လျက်ရှိကြောင်း အဆိုပါတံတား တည်ဆောက်နေသည့် Capital Development မှ စီမံ ကိန်းဒါရိုက် တာဦးသက်လင်းကပြောသည်။‘‘တပ်မတော်နေ့မနက်မှာ ခုံးကျော်တံတားပေါ်ကို ကားတွေ ဖြတ်လို့ရတော့မှာပါ။ အခု ကတ္တ ရာစခင်းနေပြီဆိုတော့ နီးစပ်နေ ပါပြီ’’ဟု ၎င်းကပြောသည်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က မြေနီကုန်းခုံးကျော် တံတားကို မတ်လ ၂၇ ရက်တွင် စတင်အ သုံးပြုနိုင်ရန် ညွှန်ကြား လာမှုကြောင့် ပြီးစီးနိုင်ရန် ဆက်စပ်လမ်းကြောင်းအချို့ကို မတ်လ၁၆ရက်မှ ၃၁ ရက်အထိ ခေတ္တပိတ်ခဲ့သည်။ ငွေကျပ် ၁၇ ဘီလီယံခန့် သုံးစွဲလျာထားသည့် အဆိုပါတံတားစီမံကိန်း ဆောလျင်စွာပြီးစီးရန် လုပ်သား ၃၀၀ ဖြင့်နေ့၊ ညနှစ်ဆိုင်းခွဲကာဆောင်ရွက်လုပ်နေကြောင်း ၎င်းကပြော သည်။
အဆိုပါခုံးကျော်တံတားကို ၂၀၁၄ စက်တင်ဘာ ၆ ရက်က စတင်ဆောက်လုပ်ခဲ့ပြီး ရှစ်လနှင့် အပြီးတည်

ဆောက်ရမည်ဟု စာချုပ်တွင် ပါရှိသော်လည်း ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့၏ လမ်းညွှန်ချက်ဖြင့် သတ် မှတ်ချက်ထက်ဆောလျင်စွာပြီးစီး ရန် ကြိုးပမ်းနေခြင်းဖြစ်သည်။
အရှည်ပေ ၂,၃၀၀ ကျော်ရှိသော သံကူကွန်ကရစ်အမျိုးအစား၊ လေးလမ်းသွားတံတားအဖြစ် တည်ဆောက်နေခြင်းဖြစ်ပြီး ကုန်ကြမ်းများကို ဂျပန်နိုင်ငံမှ တင်သွင်းကာ ဆောက်လုပ်နေ ခြင်းဖြစ်သည်။
အဆိုပါတံတားဆောက် လုပ်ရေးလုပ်ငန်းခွင်ကြောင့် အနီး ဝန်းကျင်တွင် ၁၅ မိနစ်မှ နာရီ ဝက်ကြားယာဉ်

ကြောပိတ်ဆို့မှုနေ့စဉ်ကြုံတွေ့နေရသည်။ ၂၀၁၃နိုဝင်ဘာ ၄ ရက်တွင်ပြုလုပ်သော ပထမအကြိမ် ရန်ကုန် တိုင်း လွှတ်တော်အထူးအစည်းအဝေး ၌ မြေနီကုန်းခုံးကျော်တံတား စီမံကိန်းအတွက် ကျပ် ၁၆ ဘီလီ ယံကျော်လျာထားကြောင်း ထုတ်ပြန်ထားသည်။
ယာဉ်ကြောပိတ်ဆို့မှုအဖြစ် များသော မြေနီကုန်းလမ်းဆုံတွင် ခုံးကျော်တံတားတည်ဆောက်ရန် ဆောက် လုပ်ရေးကုမ္ပဏီ ၁၀ ခုက တင်ဒါလျှောက်ထားခဲ့ရာ ဦးတေဇပိုင် ထူး၊ ဒဂုံအင်တာနေ ရှင်နယ်၊ Capital Development၊ Myanmar V Pile နှင့် Grow Advance ကုမ္ပဏီတို့ကို ကနဦး ရွေးချယ်ခဲ့ပြီး နောက် ဆုံးအဆင့် လုပ်ကိုင်ခွင့်ကို Capital Develo- pment ကုမ္ပဏီက ရရှိခဲ့ခြင်းဖြစ်သည်။

7Day

မှတ်ချက်များ