ဘိုဂိုဟာရမ်အဖွဲ့ အိုက်အက်စ နဲ့ပူးပေါင်း

မိုင်ဒူဂူရီ မှာ ဗုံးခွဲတိုက်ခိုက်ခံရ
နိုင်ဂျီးရီးယားအခြေစိုက် အစ္စလာမ်မစ် စစ်သွေးကြွ ဘိုဂိုယာရမ် အဖွဲ့ ဟာ အီရတ်နဲ့ ဆီးရီးယားက အိုင် အက်စ အဖွဲ့ ကို သစ္စာခံ ပူးပေါင်းဖို့ ကတိပြုလိုက်ပါတယ်။

ဘိုဂိုယာရမ် ခေါင်းဆောင် အဘူဘက်ကာ ရှက်ကောင်း ရဲ့ အသံ နဲ့ ဘိုဂိုယာရမ်အဖွဲ့ ရဲ့ Twitter က နေ ထုတ်ပြန် ပြောကြားတဲ့ အဲဒီ ကြေညာချက် ထွက်ပေါ် လာတါပါ။

အရင်တုန်းအချိန်တွေ ကတော့ ဘိုဂိုဟာရမ် ဟာ အယ်ခိုင်းဒါးလ် အဖွဲ့နဲ့ မဟာမိတ် လို့ သတ်မှတ်ထားကြ တာပါ။

ဘိုဂိုဟာရမ်တွေ ဟာ အိုက်အက်စတွေလိုပဲ လူမှုရေး ဆိုင်ရာ မီဒီယာ ကွန်ယက်တွေ ကနေတဆင့်သတင်း
ဖြန့်ချိတာတွေ လုပ်ဆောင်နေပြီး အခု အာရေဗီ ဘာသာ အသံ နဲ့ သတင်းစကား ကို ပြင်သစ် ဘာသာ အင်္ဂ္လိပ်ဘာသာ တွေနဲ့လည်း ဘာသာပြန် ထုတ်လွှင့် နေတယ် လို့ ဘီဘီစီ သတင်းထောက် တယောက် က ပြောပါတယ်။

ဒီအချိန်ကာလမှာပဲ နိုင်ဂျီးရီးယား မှာ အစ္စလာမ်မစ် စစ်သွေးကြွ ဘိုဂိုဟာရမ် အဖွဲ့ စတင်ပေါက်ဖွားလာတဲ့ မိုင်ဒူဂူရီမြို့မှာ အသေခံဗုံးခွဲတိုက်ခိုက်တာတွေ ဖြစ်ခဲ့ပြီး လူ ၅၀ ကျော်သေဆုံးခဲ့ပါတယ်။

BBC Burmese

မှတ်ချက်များ