ကိုယ်အလေးချိန် လျှော့ချနေသူ တော်တော်များများမှာ ရေပိုသောက်ရင် ကိုယ်အလေးချိန် ပိုကျမယ်ဆိုတဲ့ ယုံကြည်ချက်ရှိပါတယ်။ ဒါပေမဲ့ ပိန်ဖို့အတွက် ရေသောက်တာဟာ ယုံတမ်းသက်သက်ပဲလို့ အာဟာရ ကျွမ်း ကျင်ပညာရှင် ဒေါက်တာ Beth Kitchinက ဆိုပါတယ်။
Alabama တက္ကသိုလ်က ဒေါက်တာ Beth Kitchinရဲ့ ဖော်ပြချက်အရ ရေသောက်ခြင်းဟာ ကိုယ်အလေး ချိန်ကျဖို့အတွက် ပဉ္စလက်နည်းတစ်ရပ် မဟုတ်ဘူးလို့ သိရပါတယ်။
“ရေသောက်လို့ ကိုယ်အလေးချိန်ကျတယ်ဆိုတဲ့ သက်သေက သိပ်နည်းပါတယ်။ ကိုယ့်ဘာသာကိုယ် လက် ခံထားတဲ့ ယုံတမ်းတွေထဲက တစ်ခုပါ။ ရေသောက်တာ မကောင်းဘူးလို့ ကျွန်မ မပြောပါဘူး။ ရေများများ သောက်တာဟာ ကယ်လိုရီအပို နည်းနည်းကိုပဲ လောင်ကျွမ်းပေးတာပါ။ တစ်နေ့လုံးနေမှ ၂ ကယ်လိုရီ
လောက်ပါ။ လူဆိုတာ အရည်တစ်ခုခုသောက်ဖို့ လိုတာပေါ့။
ဒါပေမဲ့ ရေချည်းသောက်နေလို့ မရဘူး။ ကော်ဖီသောက်တာ ဘာမှမဟုတ်ဘူးလို့ လူတွေက ထင်ကြတယ်။ မဟုတ်ဘူး။ ကော်ဖီသောက်ရင် တကယ်ထူးတယ်။ သင့်ခန္ဓာကိုယ်ထဲမှာ အရည်ဓာတ် အများကြီးရှိပါတယ်။ အထူးသဖြင့် ကဖိန်းဓာတ်ပါတဲ့ အရည်သောက်ကျင့် ရှိသူတွေဟာ ကိုယ်အလေးချိန်လျော့တာကို တွေ့ရ တယ်။” လို့ ဒေါက်တာ Beth Kitchin ကပြောခဲ့ပါတယ်။
Trend Myanmar

မှတ်ချက်များ