အိန္ဒိယနိုင်ငံ Madhya Pradesh မှာ နှလုံးခန္ဓာကိုယ် အပြင်ဘက်ရောက်နေတဲ့ မကြုံစဖူးရောဂါတစ်ခုနဲ့အတူ သမီးလေးတစ်ယောက် မွေးဖွားခဲ့ပါတယ်။ Asian Town သတင်းဖော်ပြချက်အရ ectopia cordis လို့ သိရတဲ့ ယင်းရောဂါဟာ ကလေး တစ်သန်းမွေးဖွားတိုင်း ၈ ယောက်မှာသာ ဖြစ်ကြောင်း သိရပါတယ်။
အဲဒီထဲက ၉% က အသေမွေး သို့မဟုတ် ကံမကောင်းစွာ (၃) ရက်အတွင်း သေဆုံးကြတယ်လို့ သိရ တယ်။ “အစတော့ ဒီရောဂါကို နားမလည်နိုင်အောင်ဖြစ်ခဲ့တယ်” လို့ ကလေးဖခင်ဖြစ်တဲ့ လျှပ်စစ်ကျွမ်းကျင် သူ Basant Padmakar နဲ့ အသက် ၂၂ နှစ်အရွယ် သူ့ဇနီးက ဆိုတယ်။ “ ဘုရားသခင်က ကျွန်ုပ်တို့ကို ကလေးတစ်ယောက် ကောင်းချီးပေးခဲ့ပါတယ်။ ဒါပေမယ့် ကျွန်ုပ်တို့အပေါ် ကျရောက်လာတာ ကောင်းချီး မင်္ဂလာလားခေါ်ရမလား၊ ကျိန်စာခေါ်ရမလား မသိတော့ပါဘူး” လို့ Basant က ပြောဆိုခဲ့တယ်။
“ကျွန်တော်က ဆင်းရဲသူတစ်ယောက်ပါ။ ကျွန်ုပ်တို့ တစ်နေ့ ထမင်းနှစ်နပ် စားလောက်ရုံသာရှိသူတွေပါ။ ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် ကလေးအသက်ရှင်ဖို့ ဘာမှဆို လုပ်ပေးပါမယ်။ အကူအညီမဲ့တယ်လို့ ခံစားရပါတယ်” လို့ပြောပါတယ်။ ဒီရောဂါ ကုသဖို့ ခရိုင်ဆေးရုံမှာ ပစ္စည်း အလုံအလောက် မရှိတာကြောင့် ကလေးကို Jabalpur က အစိုးရ ဆေးဘက်ဆိုင်ရာ ကောလိပ်နဲ့ ဆေးရုံကို လွှဲပေးခဲ့ရပါတယ်။ ခွဲစိတ်ဆ ရာဝန် အဖွဲ့တစ်ဖွဲ့မှ ကုသခဲ့ပြီး ဆရာဝန်တွေအနေနဲ့ ကလေးအခြေအနေနဲ့ ပတ်သက်ပြီး အကောင်းမြင်
ကြောင်း ပြောဆိုကြပါတယ်။
Trend Myanmar

မှတ်ချက်များ