အမေရိကန် ရေနံကုမ္ပဏီမှ ရခိုင်ကမ်းလွန်ရှာဖွေရေး လုပ်ကွက်အတွက် ကန်ဒေါ်လာ ၂၇၇ သန်းကျော် သုံးစွဲမည်


Chevron အမေရိကန် ရေနံကုမ္ပဏီမှ ရခိုင်ကမ်းလွန် လုပ်ကွက် A-5 တွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေရေး လုပ်ငန်းများအတွက် အမေရိကန် ဒေါ်လာ ၂၇၇ ဒသမ ၈၅ သန်း သုံးစွဲသွားမည်ဟု စွမ်းအင် ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

ရခိုင်ကမ်းလွန်ရှိ လုပ်ကွက် A-5 ကို Chevron (Unocal Myanmar Offshore Co.,Ltd)မှ လုပ်ကိုင်ခွင့် ရရှိထားပြီး Unocal Myanmar Offshore Co.,Ltd နှင့် မြန်မာနိုင်ငံမှ Royal Maine Engineering Co.,Ltd တို့ ပူးပေါင်းဆောင် ရွက်သွားမည်ဖြစ်သည်။

Chevron ကုမ္ပဏီသည် A-5 လုပ်ကွက်တွင် လေ့လာရေးကာလ တစ်နှစ်နှင့် ရှာဖွေရေးကာလ ခြောက်နှစ် ဆောင်ရွက်သွားမည်ဖြစ်ရာ အနည်းဆုံး ကန်ဒေါ်လာ ၂၇၇ ဒသမ ၈၅ သန်း သုံးစွဲမည် ဖြစ်သည်။
Chevron ကုမ္ပဏီနှင့် စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံနှင့် သဘာဝ ဓာတ်ငွေ့ လုပ်ငန်းတိုသည့် မတ် ၂၄ ရက်တွင် ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားရေး စာချုပ်ချုပ်ဆိုခဲ့ပြီး အဆိုပါလုပ်ကွက်ရှိရာ သက်ဆိုင်ရာ ဒေသတွင် ပတ်ဝန်းကျင်ထိန်ခိုက်မှု၊ လူမှုရေး ထိခိုက်မှု ဆန်းစစ်လေ့လာခြင်း လုပ်ငန်းများ (EIA/SIA) ကို စာချုပ်ချုပ်ဆိုပြီး နောက်တွင် စတင်ဆောင်ရွက် သွားမည်ဖြစ်သည်။

စွမ်းအင်ဝန်ကြီးဌာနသည် စာချုပ်ချုပ်ဆို လက်မှတ်ရေးထိုးရာမှ Signature Bonus အမေရိကန်ဒေါ်လာ ၃ ဒသမ ၅ သန်း၊ Data Fee အတွက် ကန်ဒေါ်လာ ၀ ဒသမ ၁၅ သန်း ရရှိမည် ဖြစ်သည်။ရခိုင်ကမ်းလွန် လုပ်ကွက်လုပ်ကိုင်ခွင့်ရရှိသည့် နိုင်ငံခြားကုမ္ပဏီများနှင့် စွမ်းအင်ဝန်ကြီးဌာနသည် ယခုနှစ်တွင် စာချုပ်များ ဆက်တိုက်ချုပ်ဆိုလျက်ရှိ ပြီး Chevron ကုမ္ပဏီသည် မြန်မာနိုင်ငံတွင် ဆောင်ရွက်ခဲ့သည့် ရတနာ စီမံကိန်းနှင့် စိန်သဘာဝ ဓာတ်ငွေ့မြေတို့တွင် ၁၉၉၈ ခုနှစ်မှ စတင်ကာ ရှယ်ယာပါဝင်ဆောင် ရွက်ခဲ့သည်။

မဇ္ဈိမ

မှတ်ချက်များ