မန္တလေးမြို့ အထွေထွေရောဂါကု ဆေးရုံကြီး အရေးပေါ်နှင့် ထိခိုက်ဒဏ်ရာ ကုသမှုဌာန၊ အရေးပေါ် လူနာလက်ခံကုသဆောင်တွင် လာရောက်ပြသသည့် လူနာများအား ပိုမို ထိရောက်သည့် ကုသ စောင့်ရှောက်မှုများပေးနိုင်ရန် အဆောက် အဦး တိုးချဲ့ပြုပြင် ဆောက်လုပ်ရန်အတွက် ကျန်းမာရေး ၀န်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းအောင်သည် မတ်(၂၃)ရက် နံနက်ပိုင်း တွင် အဆိုပါ အရေးပေါ် လူနာလက်ခံ ကုသဆောင်သို့ သွားရောက်ခဲ့ပြီး လူနာများအားလက်ခံကုသပေးမှု အဆင့်ဆင့်ကို ကြည့်ရှု သည်။
ယင်းနောက် (၉)ထပ် အထွေထွေရောဂါကုသဆောင်သစ်ရှိ Training and Conference Center တွင် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ဗဟိုနှင့် ခရိုင် အဆင့်ဆေးရုံကြီးများမှ ဆေးရုံအုပ်ကြီးများ၊ ပါမောက္ခ/ ဌာန မှူးများ၊ အထူးကု ဆရာဝန်ကြီးများ၊ သူနာပြု များအားတွေ့ဆုံကာ စီမံခန့်ခွဲရေး၊ သင်ကြားရေး၊ လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးရေးများနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးရာ တွင် ကျန်းမာရေး အသုံးစရိတ်များကို ပြည်သူ၏ လိုအပ်ချက်နှင့်အညီ ဘဏ္ဍာရေး စည်းမျဉ်းအတိုင်းသုံးစွဲရေး၊ ဆရာဝန်၊ သူနာပြုများအားကျွမ်း ကျင်မှု အရည် အသွေးပြည့်ဝသူများဖြစ်စေရန် လက်ဆင့်ကမ်း လေ့ကျင့် သင်ကြားပေးရန်၊ စွမ်းရည် ထက်မြက် ခေတ်မီသည့်ဆေး ပညာလောက ထူထောင်နိုင်ရေး ဝိုင်းဝန်း ဆောင်ရွက် ရန်ပြောကြား၍ တင်ပြချက်များအပေါ် စီစဉ်ဖြည့်ဆည်းပေးခဲ့ပြီး ဆီးနှင့်ကျောက်ကပ် အထူးကုဌာနတွင် လူနာများ အား ကျောက်ကပ်သန့်စင် စက် အသုံးပြု၍ ကုသပေးနေမှုများအား ကြည့်ရှု စစ်ဆေးခဲ့သည်။
နေ့လည်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ဆေးတက္ကသိုလ်(မန္တလေး)နှင့် သူနာပြုတက္ကသိုလ် (မန္တလေး)သို့ သွားရောက်ပြီး ပါမောက္ခချုပ်များနှင့် သင်ကြား/စီမံဆိုင်ရာတာဝန်ရှိသူများအား တွေ့ဆုံ၍ သင်ကြားရေးပိုင်းဆိုင် ရာ လိုအပ်ချက်များ ဖြည့်ဆည်း ပေးခဲ့ကာ ကျွမ်းကျင်သည့် ဆရာဝန်၊ သူနာပြု များ ဖြစ်အောင် လေ့ကျင့်မွေးထုတ်ရန် ပြောကြားသည်။
ယင်းနောက် သူနာပြုတက္ကသိုလ် (မန္တလေး) ၆ထပ် အဆောင် သစ် ဆောက်လုပ်မှုနှင့် ပတ်သက်၍ ဓါတ် လှေကား ဖြည့်စွက်ဆောက် လုပ်ရန်၊ ရေနှင့်သန့်ရှင်းမှုစနစ်ကောင်း မွန်အောင် စီမံဆောက်လုပ်ရန် တာဝန်ရှိ သူများအား ပြောကြား ကာ ခေတ်မီ သင်ထောက်ကူပစ္စည်းများ အသုံးပြုသင်ကြားမှုများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး သူနာပြု တက္ကသိုလ်(မန္တလေး)မှ ကျောင်းသူများအား ရင်းရင်းနှီးနှီး တွေ့ဆုံ အားပေး စကား ပြောကြား ခဲ့ကြောင်း သတင်းရရှိသည်။
MOI


မှတ်ချက်များ