သြစီလိမ္မော်သီးကို အတုလုပ်ပြီး တရုတ်တွေ ရောင်းချ

တရုတ်နိုင်ငံမှာ လူအသုံးအဆောင် ပစ္စည်းတွေဖြစ်ကြတဲ့ နာမည်ကြီး အမှတ်တံဆိပ် လက်ကိုင်အိတ်၊ ဖုန်း၊ နာရီ စတာတွေကိုပဲ အတုခိုးတာမဟုတ်ပဲ သြစတြေးလျနိုင်ငံထွက် သစ်သီးတွေကိုလည်း အတုခိုးပြီးတော့ ရောင်းချတာတွေ လုပ်နေတယ်လို့ သိရပါတယ်။


သြစတြေးလျနိုင်ငံက ထွက်ရှိတဲ့ လိမော်သီးတွေဟာ တရုတ်နိုင်ငံမှာ ရောင်းအားကောင်းနေပြီး သြစတြေး လျက တန်ချိန်ပေါင်း သောင်းနဲ့ချီကို တင်ပို့ရောင်းချနေတာ ဖြစ်ပါတယ်။

ဒါပေမဲ့လည်း သြစတြေးလျ လိမော်သီးတွေနဲ့ တူအောင် တရုတ်နိုင်ငံက လူတချို့က တားမြစ် ဆိုးဆေးတွေ ကို သုံးပြီး ဈေးတင်ရောင်းနေကြတယ်လို့ ဆိုပါတယ်။

သြစတြေးလျ နိုင်ငံက ထွက်တဲ့ အသီးတွေနဲ့ တူအောင် သစ်သီးတွေကို အဆိပ်ဖြစ်စေတဲ့ ဆေးရည်ထဲမှာ စိမ်ထည့်တာတွေ လုပ်ပြီး သြစတြေးလျနိုင်ငံကနေ လာကြောင်း စာသားတွေ ရေးသားကြတယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ ရေးသားထားတဲ့ စာသားတွေမှာ စာလုံးပေါင်းမှားတာတွေ ရှိသလို ဆေးဆိုးရောင်တွေက မတရား နီတာတွေကြောင့် သစ်သီးတုတွေ ပေါ်ပြီ ဆိုတာကို သိကြရတာလို့ ဆိုပါတယ်။

ဒါ့အပြင် ရာသီမဟုတ်တဲ့ အချိန်မှာလည်း အဲဒီ အသီးတွေကို ဆက်လက်ရောင်းချနေတဲ့အတွက် သစ်သီး တုမှန်း သိကြရတာလို့ ပြောပါတယ်။

သြစတြေးလျ နိုင်ငံက သီးနှံနဲ့ အသား၊ ငါးတွေဟာ အရည်အသွေး မြင့်မားတယ်လို့ ယုံကြည်တဲ့အတွက် အာရှနိုင်ငံတွေမှာ ဈေးပိုပေးပြီး တင်သွင်းလေ့ရှိပါတယ်။

ABC Radio Australia

မှတ်ချက်များ