ပြည်တွင်းမှ ကိုယ်ဝန်ဆောင် မိခင်များနှင့် ကလေးသူငယ်များ စောင့်ရှောက်ရေး အတွက် ဂျပန် အစိုးရမှ အမေရိကန် ဒေါ်လာ ၃ ဒသမ သန်း ပံ့ပိုး ကူညီမည်


မြန်မာနိုင်ငံ၌ ကိုယ်ဝန်ဆောင် မိခင်များနှင့် ကလေးသူငယ်များအား စောင့်ရှောက်ရေး လုပ်ငန်းများ ဆောင် ရွက်ရာတွင် အထောက်အပံ့ ဖြစ်စေရန်ဂျပန် အစိုးရမှ မြန်မာနိုင်ငံ အခြေစိုက် ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF) သို့ အမေရိကန် ဒေါ်လာ ၃ ဒသမ ၈ သန်း ပံ့ပိုး ကူညီသွားမည် ဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ ဂျပန်နိုင်ငံ အစိုးရအနေဖြင့် UNICEF အဖွဲ့အစည်းနှင့် မြန်မာနိုင်ငံတွင် ဆောင်ရွက်နေသော ကလေးငယ်များ အတွက် မူကြို၊ အခြေခံပညာ မူလတန်းနှင့် ကျောင်းပြင်ပ ပညာရေး လုပ်ငန်းများ၊ ကလေး သူငယ်များအား အကြမ်းဖက်မှု၊ လူကုန်ကူးမှုနှင့် အမြတ်ထုတ် မှုများမှ ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်း များကို ပိုမို ခိုင်မြဲလာစေရန် ကလေးငယ်ပေါင်း များစွာ၏ ဘဝများလည်း ပိုမို ကောင်းမွန်လာနိုင်စေရန်ဖြစ် သည်။။


အဆိုပါ ပံ့ပိုး ကူညီငွေဖြင့် ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) ဒေသတို့၌ နေ ထိုင် လျက်ရှိသော ကိုယ်ဝန်ဆောင် မိခင်များနှင့် ကလေးသူငယ်များ၏ ကျန်းမာရေး တိုးတက် ကောင်း မွန်စေရေး၊ အာဟာရ ဖွံ့ဖြိုးတိုးတက်စေရေး လုပ်ငန်းများ ကိုလည်း စီစဉ် ဆောင်ရွက် သွားမည်ဖြစ်သော် လည်း လက်တွေ့ လုပ်ဆောင်မှုများ အားနည်းနေသေးသည်။

Social Action for Women - SAW

မှတ်ချက်များ