အီတလီက ကမ္ဘာကျော် ပြိုင်ကား ကုမ္မဏီဖြစ်တဲ့ Ferrari ဟာ ယူအေအီးနိုင်ငံ၊ အဘူဒါဘီ, Yas ကျွန်းမှာ အပန်းဖြေကစားကွင်းတစ်ခု ပြုလုပ်ထားပါတယ်။ ယင်းထဲမှာ ရှိတဲ့ ကစားစရာ အများစုဟာ Ferrari ပြိုင်ကား များနဲ့ ပြုလုပ်ထားခြင်း ဖြစ်ပါတယ်။
ဖော်မြူလာဝမ်း မှ ပြိုင်တဲ့ ပြိုင်ကား အသေးများနဲ့ ပြုလုပ်ထားတဲ့ ရိုလာကိုစတာ ကြီးများ ရှိသလို၊ ပုံမှာ မြင်တွေ့နေရတဲ့ အမိုးပွင့် ပြိုင်ကားများနဲ့ ပြုလုပ်ထားတဲ့ ရိုလာ ကိုစတာလည်း ရှိပါတယ်။ Ferrair ကစားကွင်းကိုလည်း Ferrari ကုန်အမှတ်တံဆိပ် ပုံစံ တည်ဆောက်ထားပါတယ်။
ဖော်မြူလာဝမ်း ရိုလာ ကိုစတာကတော့ ကမ္ဘာ့အမြန်ဆုံး ရိုလာကိုစတာ အဖြစ် စံချိန်တင်ထား ပါတယ်။ ၅ စက္ကန့်အတွင်း တစ်နာရီ ၂၄၀ ကီလိုမီတာ အမြန်နှုန်းနဲ့ သွားမှာမို့ ဖြစ်ပါတယ်။
ဒါကြောင့်မို့ Ferrari ပြိုင်ကား ဝယ်မစီးနိုင်သေးသူများ အနေနဲ့ ပြိုင်ကား စီးတဲ့ အရသာမျိုး ရရှိအောင် ဖန်တီးပေးထားပါတယ်။
yoyarlay
yoyarlay



မှတ်ချက်များ