အင်ဒိုနီးရှားရောက်မြန်မာတွေ နေရပ်ပြန်ရရေးအတွက် ဆောင်ရွက်နေ
အင်ဒိုနီးရှားနိုင်ငံ ဘန်ဂျီနားကျွန်းရွာတခုမှာ မြန်မာလူမျိုး ရေလုပ်သားတွေ ထောင်နဲ့ချီ သောင်တင်နေပြီး အဓမ္မ စေခိုင်းခံနေရကြောင်း ပြီးခဲ့တဲ့ ရက်ပိုင်းက AP သတင်းဌာနက စုံစမ်း ဖော်ထုတ်ခဲ့ပါတယ်။
အဲဒီ မြန်မာ ရေလုပ်သားတွေဟာ ထိုင်းနိုင်ငံကနေ တဆင့် အဲဒီနေရာကို လူမှောင်ခိုတွေက ခေါ်ဆောင် သွားပြီး အဓမ္မ ခိုင်းစေခံနေရတာ ဖြစ်ပါတယ်။
သူတို့တွေ နေရပ်ဌာနေ မြန်မာပြည် ပြန်လာနိုင်ရေးအတွက် မြန်မာ အစိုးရဘက်က ထိုင်း၊ အင်ဒိုနီးရှား အစိုးရတွေနဲ့ ပူးပေါင်း ဆောင်ရွက်နေတယ်လို့ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် ဒုရဲမှူးကြီး ဦးခင်မောင်လှက ပြောပါတယ်။
BBC Burmese



မှတ်ချက်များ