အီရန် နျူကလီယာအရေး ဆွေးနွေးပွဲ နောက်ဆုံးနေ့ ရောက်ရှိ


အီရန် နျူကလီယာအရေး နဲ့ပတ်သက်ပြီး အင်အားကြီး ၆ နိုင်ငံက နိုင်ငံခြားရေး ဝန်ကြီးတွေဟာ ဆွစ်ဇာ လန်နိုင်ငံမှာ နောက်ဆုံး ရက်သတ်မှတ်ချက် ဖြစ်တဲ့ အင်္ဂါနေ့ မကုန်ဆုံးခင်မှာ အကြိတ်အနယ် ဆွေးနွေးနေ ကြပါတယ်။

သဘောတူညီမှုရဖို့ အလားအလာ ရှိလာပေမယ့် ခက်ခဲတဲ့အပိုင်းတွေ ကျန်သေးတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ပြောပါတယ်။

အနောက်နိုင်ငံတွေက အီရန်ကို နျူကလီယား လက်နက် မထုတ်လုပ်နိုင်အောင် ကန့်သတ်နေကြတာဖြစ်ပြီး အီရန်ကို ပိတ်ဆို့မှုတွေ ဖြေလျှော့ပေးမယ်လို့လည်း ကမ်းလှမ်းထားတာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံခြားရေး ၀န်ကြီးကတော့ ဒီသဘောတူညီချက်ကို ရောက်ဖို့ သူ့အနေနဲ့ သတိထားပြီး အကောင်း ဘက်က မြင်ပါတယ်လို့ ပြောပါတယ်။

သဘောတူညီချက်ရဖို့ အမြင်ကွဲပြားတာတွေဟာ တဖြေးဖြေး ကျဉ်းမြောင်းလာပြီလို့လည်း ဆိုပါတယ်။

BBC Burmese

မှတ်ချက်များ