ဧရာဝတီသပိတ်စစ်ကြောင်း ကျောင်းသားများကို အရေးယူမည်မဟုတ်ဟု ၀န်ကြီးချုပ်ပြောကြား


အမျိုးသားပညာရေး ဥပဒေကြမ်းကို ကန့်ကွက်သည့်အ နေဖြင့် ဆန္ဒဖော်ထုတ်ခဲ့ကြသောဧရာဝတီသပိတ် စစ်ကြောင်းမှ ကျောင်းသားများအား အရေးယူ မှု တစ်စုံတစ်ရာ ဆောင်ရွက်သွား ရန် အစီအစဉ်မရှိကြောင်း ဧရာဝတီတိုင်း ဒေသကြီးဝန်ကြီးချုပ်က ပြောကြားသည်။

‘‘ကျောင်းသားတွေနဲ့ပတ် သက်ပြီး အစကတည်းက အရေးမယူဘူးလို့လည်း ပြောထား တယ်။အခုလည်း အရေးယူမှုတွေ မရှိပါ ဘူး။ ဂျီတီစီကျောင်းက ဆရာဝေ ယံအောင်ကို အရေးယူထားတာနဲ့ပတ်သက်ပြီးတော့ သူက၀န် ထမ်းဖြစ်နေတဲ့အတွက် တစ်ကြိမ်တစ်ခါဖြစ်ခဲ့တာမို့ ပြင်းထန်တဲ့အ ရေးယူမှုတွေ မလုပ်ဖို့ သက် ဆိုင်ရာတရားရေး ဌာနကိုလည်း တိုင်းဒေသကြီး အစိုးရအနေနဲ့ မေတ္တာ ရပ်ခံထားတယ်။ လက်ရှိပြည်ထဲ ရေးဝန်ကြီးဌာန ဆောင်ရွက်နေ တာတွေကတော့ လုပ်ထုံးလုပ် နည်းအရသာ ဆောင်ရွက်နေတာ ပါ။ အရေးယူဖို့ မဟုတ်ပါဘူး’’ဟု ဧရာဝတီတိုင်းဒေသကြီး ၀န်ကြီး ချုပ်ဦးသိန်းအောင်က ပြောကြားသည်။

ဧရာဝတီကျောင်းသား သပိတ်စစ်ကြောင်းမှ ဦးဆောင် သူများဖြစ်သော ဆရာဦးဝေယံအောင်နှင့် ကိုအောင် ခန့်ဇော်၊ အေးသက်ဇင်၊ ကိုပိုင်ရဲသူ၊ ကိုသော်ဇင်ဖုန်းနှင့် ၀န်းရံကော်မ တီမှ ကိုအောင်အောင်ကျော်တို့ အား မတ်လ ၁၆ ရက် ညနေက ဧရာဝတီသပိတ်စစ်ကြောင်း ဖြတ်သန်းခဲ့သည့် မြို့နယ်များဖြစ် သော ကန် ကြီးထောင့်၊ ကျောင်း ကုန်း၊ ပန်းတနော်၊ ညောင်တုန်း၊ မအူပင်၊ ကျိုတ်လတ်၊ ဖျာပုံ၊ ဘို ကလေးနှင့် ဒေးဒရဲ မြို့နယ်များရှိ မြို့နယ်ရဲမှူးများက တရားလိုပြု လုပ်ကာ ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့် ဥပဒေ ပုဒ်မ ၁၈ ဖြင့် အမှုဖွင့်ထားသည်။

‘‘ကျွန်တော့်ကို ပုသိမ်မြို့ နယ်မြေရဲစခန်းက ဒီလငါးရက် နေ့က ထိုင်သပိတ်လုပ်လို့ဆိုပြီး ပုဒ်မ ၁၈ နဲ့ တရား စွဲတာ၊ တရား ရုံးမှာ ရုံးတက်ပြီးတော့ ဖြေရှင်းနေရ ဆဲပါပဲ။ ကျွန်တော်တို့ကတော့ လေးပွင့်ဆိုင် ကတိက  ၀တ်တွေအ တိုင်း ဆောင်ရွက်ခဲ့ပေမယ့် အစိုး ရဘက်က ချိုးဖောက်ခဲ့တာတွေ ကိုတော့ စိတ်မကောင်းဘူး။ ဒါ ပေမဲ့ ခုလိုတိုင်းဒေသကြီးအစိုးရ က ဆောင်ရွက်ပေးမယ်ဆိုတဲ့ အပေါ်မှာတော့ ကြိုဆိုပါတယ်’’ ဟု ဆရာဝေယံအောင်က ပြော သည်။

မတ်လ ၅ ရက် နံနက် ၁၀ နာရီမှ ညနေ ၅ နာရီအထိ ပုသိမ် မြို့ ကမ်းနားလမ်းရှိ ရှုခင်းသာ အပန်းဖြေနေရာ တွင် ကျောင်း သားများ အကြမ်းဖက်ခံရမှုနှင့် ပတ်သက်၍ ပုသိမ်မြို့ရှိ ကျောင်း သားများက ထိုင်သပိတ်ပြု လုပ်ကာ ကန့်ကွက်ဆန္ဒပြခဲ့ခြင်းအပေါ် ပုသိမ်မြို့နယ် ရဲတပ်ဖွဲ့မှူးက ဧရာဝတီသပိတ်စစ်ကြောင်း ဦးဆောင် ကော်မတီတွင်ပါဝင်သည့် ပုသိမ်နည်းပညာ တက္ကသိုလ်မှ ဆရာ ဦးဝေယံအောင်အား ပုသိမ်နယ်မြေရဲစခန်း တွင် (ပ)၃၆/၂၀၁၅ဖြင့် ထပ်မံအမှု ဖွင့်ထားသည်။

သက်ဆွေ - Trend Myanmar

မှတ်ချက်များ