အမျိုးဘာသာ၊ သာသနာ ကို စော်ကားပြောဆိုသည်ဟူ သော စွပ်စွဲချက်ဖြင့် အမှုရင်ဆိုင် နေရသည့် စာရေး ဆရာ ထင်လင်းဦး၏ အမှုကို ဧပြီလကုန်တွင် အ ပြီးသတ်စစ်ဆေးနိုင်ဖွယ်ရှိကြောင်းချောင်းဦးမြို့နယ်၊ တရားသူကြီး ဦးလင်းမင်းထွန်းက ပြောသည်။
ချောင်းဦးမြို့နယ်၊ သုံးပန်လှ ကျေးရွာတွင် အောက်တိုဘာ ၂၃ ရက်က ကျင်းပသော ဦးဝိစာရ နေ့အထိမ်း အမှတ်စာပေဟော ပြောပွဲ၌ သာသနာညှိုးနွမ်းစေရန် ပြောဆိုမှုဖြင့် တရားစွဲခံထားရသည့် စာရေးဆရာ ထင်လင်းဦး၏ (၁၂) ကြိမ်မြောက်ရုံးချိန်းကို မတ်လ ၂၄ ရက်တွင် ပြုလုပ်ခဲ့သည်။
‘‘ဥပဒေနဲ့အညီ စစ်ဆေးသွား မှာပါ။ ဒီအမှုနဲ့ပတ်သက်ပြီး ဖိအားပေးတာတွေ မရှိပါဘူး။ ထွက်ဆို ချက်တွေ အပြန်အလှန်ကြားနာ ပြီးမှ အမိန့်ချမှတ်မှာ ဖြစ်ပါတယ်’’ ဟု ချောင်းဦးမြို့နယ် တရားသူကြီးဦးလင်းမင်းထွန်းက ပြောသည်။
စာရေးဆရာထင်လင်းဦး၏ အမှုကို စတင်စစ်ဆေးစဉ်က ချောင်းဦးမြို့နယ် တရားသူကြီး ဦးလင်းမင်းထွန်း ဗဟိုဝန်ထမ်းတက္က သိုလ်တွင် သင်တန်းတက်ရောက် နေခြင်းကြောင့် တရားသူကြီး ဦး ဆန်းတင့်က အမှု လက်ခံစစ်ဆေး ခဲ့သည်။
ယခုအခါ တရားသူကြီး ဦး ဆန်းတင့် သက်ပြည့်ပင်စင်ယူ သွားခြင်းကြောင့် သင်တန်းပြီးဆုံး ၍ ပြန်လည်
ရောက်ရှိလာသော တရားသူကြီး ဦးလင်းမင်းထွန်းက အမှုကို စတင်လွှဲပြောင်းစစ်ဆေး နေပြီ ဖြစ်သည်။
စာရေးဆရာ ထင်လင်းဦး သည် သာသနာတော်ညှိုးနွမ်းစေ မှု ပုဒ်မ ၂၉၅ (က)၊ အခြားသူများ ကိုးကွယ်ယုံ ကြည်ရာ ဘာသာကို ပုတ်ခတ်ပြောဆိုမှု ၂၉၈ တို့ဖြင့် ချောင်းဦးမြို့နယ် တရားရုံးက မတ် လ ၁၇ ရက်တွင် စွဲချက်အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။
အမှု ရုံးချိန်းကို ဧပြီ ၄ ရက်သို့ ထပ်မံချိန်းဆိုခဲ့ပြီး အမှုစစ်ဆေး မှုမှာ ဧပြီလကုန်တွင် အပြီးသတ်နိုင်ဖွယ် ရှိကြောင်း ချောင်းဦးမြို့နယ်တရားသူကြီး ဦးလင်းမင်းထွန်းက ခန့်မှန်းပြောဆိုသည်။
ချောင်းဦးမြို့နယ်တရားရုံး တွင် (၁၂)ကြိမ်မြောက် ရုံးထုတ် စစ်ဆေးစဉ် အချုပ်အနှောင်ဖြင့် သွားလာချိန်များ၌ စာရေးဆရာ ထင်လင်းဦးသည် ပလတ်စတစ်စ အနက်ရောင်ကို လက်ပတ်ဝတ် ဆင်ခဲ့ပြီး ဆန္ဒပြကျောင်း သားများ အား အကြမ်းဖက်ဖြိုခွင်းမှုကို ကန့်ကွက်ခဲ့သည်။
‘‘ကျောင်းသားတွေကို အ ပြင်းအထန်ရိုက်နှက်နှိပ်စက်ဖမ်း ဆီးတာနဲ့ ပတ်သက်ပြီး ကန့်ကွက် ၀တ်ဆင် တာပါ။ တိုင်းပြည်ကိုဦးဆောင်နေတဲ့ သမ္မတကြီးက လည်း ဒီကိစ္စနဲ့ ပတ်သက်ပြီး တာ ၀န်ယူမှု၊ တာဝန်ခံမှု မရှိတဲ့အပြင် နိုင်ငံတကာစံနှုန်းတွေနဲ့ ကိုင်တွယ်ဖြေရှင်းတာပါလို့ ပြောတဲ့အတွက် ရှုတ်ချတဲ့ ရည်ရွယ်ချက်နဲ့ ဆောင် ရွက်တာပါ’’ဟု စာရေးဆရာ ထင် လင်းဦးက ပြောသည်။
မျိုးမင်းဦး - Trend Myanmar

မှတ်ချက်များ