မောင်းသူမဲ့ လေယာဉ်အဖြစ် ပြောင်းလဲ ဖန်တီးထားသည့် F-16များကို Boeing ကုမ္ပဏီ ပြသ


ရုတ်တရက် အမြင်အရ သာမန် F-16 ဂျက်တိုက်လေယာဉ် တစ်စီးနှင့် အလွန်ဆင်တူသည်။ သို့သော်လည်း QF-16သည် လေယာဉ်မှူး မပါဝင်ဘဲ အဝေးထိန်းစနစ်ဖြင့် ထိန်းချုပ်ပျံသန်းသည့် တိုက်လေယာဉ်အဖြစ် Boeing ကုမ္ပဏီက မိတ်ဆက်ပြသခဲ့သည်။

Lockheed Martin ကုမ္ပဏီက ထုတ်လုပ်သည့် F-16 တိုက်လေယာဉ်များကို မောင်းသူမဲ့ လေယာဉ် (ဒရုန်း) အမျိုးအစားအဖြစ် Boeingက ပြောင်းလဲခဲ့ခြင်း ဖြစ်သည်။ ယင်းသည် အနာဂတ်တွင် ဒရုန်းလေ ယာဉ်များအပေါ် ပိုမိုမှီခိုရန် ရည်ရွယ်ထားသည့် အမေရိကန် လေတပ်၏ စိတ်ကူးစိတ်သန်းကို ပိုမို ပီပြင်အောင် ပုံသွန်းပေးလိုက်ခြင်းလည်း ဖြစ်သည်။

မောင်းသူမဲ့ QF-16 တိုက်လေယာဉ်ကို မြေပြင် အခြေစိုက် စခန်းမှတစ်ဆင့် ထိန်းချုပ်နိုင်ပြီး စစ်ဆင်ရေးအ တွင်း လေယာဉ်မှူးများ ဘေးအန္တရာယ် တွေ့ကြုံနိုင်သည့် အခြေအနေကို လျှော့ချသွားနိုင် မည်ဟု ဆိုသည်။

Boeingသည် F-16 (၁၆)စီးကို QF-16 မောင်းသူမဲ့ လေယာဉ်များအဖြစ် ပြောင်းလဲ တည်ဆောက်ထား ပြီးဖြစ်ကာ အမေရိကန် လေတပ်က စုစုပေါင်း (၁၂၆)စီးထိ မှာယူထားကြောင်း သိရသည်။ QF-16 မောင်း မဲ့ လေယာဉ်များကို အသံလွန်နှုန်းအထိ အရှိန်မြှင့် ပျံသန်းခြင်း၊ လေထဲတွင် ဂျွမ်းထိုးမှောက်ခုံ ပျံသန်းကာ စစ်ကစားခြင်း၊ အခြေစိုက် စခန်းတွင် ပြန်လည်ဆင်းသက်ခြင်း အစရှိသည့် လုပ်ဆောင်မှုအားလုံး လေ ယာဉ်မှူးမပါဘဲ အောင်မြင်စွာ စမ်းသပ်ထားနိုင်ခဲ့ပြီး ဖြစ်သည်။

“F-16 တစ်စီးထဲမှာ လူတစ်ယောက်မှ မပါဘဲ ပျံနေတာကို မြင်ရတာ နည်းနည်းတော့ ထူးဆန်းနေသလိုပဲ။ ဘာပဲဖြစ်ဖြစ် ပျံသန်းမှု စမ်းသပ်ချက် အားလုံးကတော့ အကောင်းဆုံး အဆင့်မှာ ရှိနေတယ်”ဟု အမှတ် (၈၂)၊ လေကြောင်းပစ်မှတ် တိုက်ခိုက်ရေး အုပ်စုမှ အမေရိကန်လေတပ် ဗိုလ်မှူးကြီး ရိုင်ယန်အင်မန်းက ပြောကြားခဲ့သည်။

F-16 Falcon များသည် စတင်တာဝန် ထမ်းဆောင်ပြီးချိန်မှ နှစ်ပေါင်း(၄၀)ခန့် အတောအတွင်း စတုတ္ထမျိုး ဆက် တိုက်လေယာဉ်များအနက် အကောင်းဆုံး စာရင်းဝင် ဖြစ်ခဲ့ပြီး လတ်တလောတွင် ကမ္ဘာ့နိုင်ငံ (၂၈) ခု၏ လေတပ်များ၌ အသုံးပြုလျက် ရှိသည်။

7day

မှတ်ချက်များ