ဖေ့စ်ဘွတ်ခ်ပေါ် ငြင်းခုံမှုကြောင့် ဆယ်ကျော်သက်တစ်ဦး အသတ်ခံခဲ့ရ


Alabama ပြည်နယ် Birmingham ရှိ ဆယ်ကျော်သက် အုပ်စုတစ်စုရဲ့ ဖေ့စ်ဘွတ်ခ်ပေါ် ငြင်းခုံတိုက်ခိုက်မှု တစ်ခုဟာ အသက်ဆုံးရှုံးမှု ရလဒ်တွေနဲ့ အဆုံးသတ်သွားခဲ့ပါတယ်။ Kierra’ onna Rice လို့ခေါ်တဲ့ အသက် ၁၄ နှစ်သာရှိသေးတဲ့ ဆယ်ကျော်သက်ကောင်မလေးဟာ အခြားကောင်မလေးတချို့တို့နဲ့အတူ ရက်သတ္တပတ် အနည်းငယ်ကြာ ငြင်းခုံနေခဲ့ကြပါတယ်။

ငြင်းခုန်မှုဟာ အဲ့ဒီမှာတင်မရပ်သေးဘဲ နီးစပ်ရာ ပန်းခြံတစ်ခုသို့သွားပြီး သူတို့အချင်းချင်း ဆွေးနွေးငြင်းနေ တဲ့ မှတ်တမ်းဗွီဒီယိုရိုက်ထားဖို့ ဆုံးဖြတ်တဲ့အထိ အရှိန်မြင့်တက်လာခဲ့တယ်။ နောက်ဆုံးအကြံမှာတော့ ၄င်းဗွီဒီယိုကို လူမှုမီဒီယာပေါ် တင်ဖို့ဖြစ်ပါတယ်။ ငြင်းခုံတိုက်ပွဲဝင်နေစဉ် ဆယ်ကျော်သက်ကောင်လေးနှစ် ဦးမှ သေနတ်စွဲကိုင်ပြီး စတင်ပစ်ခတ်လာကာ Kierra’onna အသက်သေဆုံးခဲ့ပြီး နောက်ထပ်နှစ်ဦး သေ နတ်ဒဏ်ရာရရှိစေခဲ့တယ်။

Kierra’onna ရဲ့ မိခင်ဖြစ်သူ Alicia Rice က သူမသမီး အနိုင်ကျင့်ခံခဲ့ရတာကို သိရှိခဲ့ပေမယ့် ဒီလိုအခြေ အနေတွေ ဖြစ်ပွားခဲ့တဲ့အထိ စကားအချေအတင်ငြင်းခုံမှုတွေနဲ့ ပတ်သက်ပြီးလို့တော့ ဘာမှမသိရှိခဲ့ဘူးလို့ ပြောဆိုခဲ့ပါတယ်။

Trend Myanmar

မှတ်ချက်များ