အိန္ဒိယမှာ လူအုပ်ကြီးက ထောင်ကိုဝင်စီးပြီး မုဒိမ်းမှုသံသယတရားခံကို သတ်ဖြတ်


အိန္ဒိယနိုင်ငံမှာ ရာပေါင်းများစွာသော လူအုပ်ကြီးက အကျဉ်းထောင်ကို ဝင်စီးပြီး မုဒိမ်းမှု သံသယနဲ့ အဖမ်းခံထားရတဲ့ တရားခံကို သေတဲ့အထိ ဝိုင်းဝန်းရိုက်နှက်မှု ဖြစ်ပွားခဲ့ပါတယ်။ Diampur မြို့မှာရှိတဲ့ ဗဟိုအကျဉ်းထောင်ကို ဝင်ရောက်စီးနင်းပြီး လူအုပ်ကြီးက တရားခံကို ပြန်ပေးဆွဲသွားခဲ့တာဖြစ်ပါတယ်။

အဲဒီနောက် လူအုပ်ကြီးဟာ သံသယရှိသူတရားခံကို အဝတ်အစားတွေချွတ်ပစ်လိုက်ပြီး ဝိုင်းဝန်းထိုးနှက် ကြသလို ခဲတွေနဲ့လည်း ပစ်ပေါက်ခဲ့ပါတယ်။ တရားခံကို တရားရုံးက စီရင်နေဆဲ ကာလဖြစ်ပြီး ပြစ်မှုထင် ရှားကြောင်းနဲ့ အမိန့်မချနိုင်သေးခင်မှာ လူအုပ်ကြီးက ကိုယ်တိုင်ဝင်ရောက်စီရင်ခဲ့တာ ဖြစ်ပါတယ်။ သံသယ ရှိသူ ဒီတရားခံဟာ ပြီးခဲ့တဲ့လက ကျောင်းသူလေးတစ်ဦးကို အဓမ္မကျင့်မှုသံသယနဲ့ ဖမ်းဆီးခံထားရတာ ဖြစ်ပါယ်။ ဒီလူကို လူအုပ်ကြီးကာ လမ်းမပေါ်မှာ တရွတ်တိုက်ဆွဲပြီး ညှင်းပန်းနှိပ်စက်ခဲ့သေးတယ်လို့လည်း ပြည်တွင်းမီဒီယာတွေက ရေးသားကြပါတယ်။ လေးမိုင်လောက် ဒရွတ်တိုက်အဆွဲခံရပြီးနောက် ခဲတွေနဲ့ ပစ်ပေါက်ခဲ့သလို ဝိုင်းဝန်းထိုးနှက်ခဲ့ပြီးတဲ့အခါ သံသယ တရားခံဟာ သေဆုံးသွားခဲ့ပြီလို့ သိရပါတယ်။

အိန္ဒိယနိုင်ငံမှာ မုဒိမ်းမှုဟာ ပြည်သူတွေ လုံးဝခွင့်မလွှတ်ပဲ စိတ်ဆိုးဒေါသထွက်ရတဲ့ ပြစ်မှုလည်း ဖြစ်ပါ တယ်။ သေဆုံးသွားသူဟာ အသက် ၃၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကားအရောင်းအဝယ်ပြုလုပ်သူ တစ်ဦးလည်း ဆိုပါတယ်။ လူအုပ်ကြီးကို ရဲတပ်ဖွဲ့ဝင်တွေ ဖြိုခွင်းခဲ့ရာမှာ အများအပြား ဒဏ်ရာရသွားခဲ့ပြီး လူတွေကလည်း ခဲတွေနဲ့ ပြန်ပေါက်လို့ ရဲအရာရှိတွေ ဒဏ်ရာရကုန်ကြပါတယ်။ လူတွေဟာ သေဆုံးသွားတဲ့ သံသယတရား ခံကို မြို့လယ်က နာရီစင်မှာ အဝတ်ဗလာနဲ့ ချိတ်ဆွဲထားခဲ့တာဖြစ်ပါတယ်။

Planet Myanmar

မှတ်ချက်များ