အမျိုးသားများက အမျိုးသမီးများထက် အလှပိုကြိုက်


ယျေဘုယျအားဖြင့်တော့ အမျိုးသမီးတွေက အမျိုးသားတွေထက် ပိုပြီးအလှကြိုက်တယ်လို့ ဆိုကြပါတယ်။ ဒါပေမယ့် စိတ်ပညာရှင်တွေ လေ့လာခဲ့တဲ့ စမ်းသပ်ချက်တစ်ခုအရတော့ ယနေ့ခေတ် အမျိုးသားတွေဟာ အမျိုးသမီးတွေထက် လှချင်စိတ် ပိုပြင်းပြကြတယ်လို့ ဆိုလာပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ အတွင်း အမျိုးသား၊ အမျိုးသမီး ၄၇၅,၀၀၀ ဦးကို စစ်ဆေးပြီးမှ ထွက်လာတဲ့ ရလဒ်ဖြစ်တာကြောင့် အမျိုသားတွေအနေနဲ့ ဒီအဖြေကို မကျေနပ်ရင်လည်း လက်ခံရမယ့် သဘော ရှိပါ တယ်။ ကိုယ့်ကိုကိုယ် လှတယ်လို့ ထင်ပြီး အစွန်းရောက်နေသူကို အနောက်တိုင်းမှာတော့ Narcissists ရောဂါဝေဒနာရှင်တွေ လို့ခေါ်ပါတယ်။ ဘက်ဖဲလ်လိုမြို့ တက္ကသိုလ်က သုသေတီတွေရဲ့ လေ့လာချက်ဟာ အမျိုးသားတွေ ဖုံးကွယ်ထားတာကို ကွာကျသွားစေတာလည်းဖြစ်ပါတယ်။ “ ကျွန်တော်သာ ကမ္ဘာကြီးကို အုပ်ချုပ်ရရင် ပိုကောင်းတဲ့ ကမ္ဘာကြီး ဖြစ်လာမှာ” ဆိုတာမျိုးကိုလည်း အမျိုးသားတွေ ပြောတက်ကြသလို “ ကျွန်တော့်ကိုယ် ကျွန်တော်ချောမှန်း သိပါတယ်။ ဒါကိုလူတိုင်း ပြောနေကြတာပဲ” ဆိုတာမျိုးလည်း အမျိုးသားတွေ ပြောတက်ကြပါတယ်။ ဒါဟာ ကိုယ့်ကိုကိုယ် ပြန်ပြီး အထင်ကြီးတဲ့ အတွေးစိုးမိုးမှု ဖြစ်ပါတယ်။

ဒီတော့ အမျိုးသား အများစုဟာ အမျိုးသမီးတွေထက်လည်း ကိုယ့်ကိုကိုယ် ပိုလှတယ်လို့ ထင်နေကြကြောင်း သုတေသီတွေ ဖော်ထုတ်ခဲ့ပါတယ်။ အမျိုးသားတွေ အနေနဲ့ ဒီစိတ်တွေ လွန်ကဲမှု မဖြစ်ကြစေဖို့ သုတေသီတွေက အသိပေးလိုက်ပါတယ်။ 

Planet Myanmar

မှတ်ချက်များ