![]() |
| Photo - ကျော်ဇင်သန်း |
မေး- ထိုင်းနိုင်ငံမှာရိုက်မယ့် တီတီအင်န်ဒိုးနတ်ဇာတ်ကားက ဇာတ်ကားနာမည်ကအစ အစ်ကို့အတွက် အမှတ်တရဖြစ်စေတယ်လို့ ပြောတာက ဘာကြောင့်လဲ။
ဖြေ- ကျွန်တော့်ရဲ့ပရိသတ်တွေ အကုန်လုံးမသိကြပေမယ့် အနုပညာမောင်နှမတွေကတော့ တီတီလို့ ချစ်စနိုးခေါ်ကြတယ်။ အဲဒီတီတီဆိုတဲ့နာမည်က ကျွန်တော့်အမေရဲ့နာမည်ပါ။ ဒီကားလေးရဲ့နာမည်က တီတီအင်န်ဒိုးနတ်စ်ဆိုတော့ ကျွန်တော့်အမေရဲ့ နာမည်ကိုကိုယ်စားပြုထားတဲ့ ကားလေးဖြစ်သွားတယ်။ အဲဒါကြောင့် ဒီကားလေးက ကျွန်တော့်ဘဝမှာ အမြဲတမ်းအမှတ်တရ ဖြစ်နေမယ့် ဇာတ်ကားလေးပါ။
မေး- ဒီကားမှာပါတဲ့ ဇာတ်ရုပ်အတွက် ဘာသာစကားပိုင်းတွေလည်း ပြင်ဆင်ခဲ့ရတာဆိုတော့ တီတီဆိုတဲ့ ဇာတ်ရုပ်အတွက် ကျေနပ်မှုရနေပြီလား။
ဖြေ- သေချာတော့ ပြင်ဆင်ထားပြီးပါပြီ။ ဘာသာစကားပိုင်းတွေရော၊ တခြားလိုအပ်တဲ့ အစိတ်အပိုင်းတွေ ကိုရော ကျွန်တော့်ဘက်က ပြင်ဆင်လို့ရသလောက် ပြင်ဆင်ထားပါတယ်။
မေး- ဒီရုပ်ရှင်မှာပါမယ့် ထိုင်းမင်းသမီးကလည်း အသစ်ဆိုတော့ ကိုပြေတီဦးအနေနဲ့ လက်တွဲခေါ်သွားရ မယ်လို့ထင်လား။
ဖြေ- ကျွန်တော့်အနေနဲ့ အရမ်းကြီး လက်တွဲခေါ်စရာမလိုလောက်ဘူး ထင်တယ်။ သူတို့တွေက အသစ်ပေ မယ့် Talent ရှိတယ်။ ဒါရိုက်တာက သူစမ်းသပ်ထားပြီးပြီ။ Talent ရှိတယ်လို့ပြောတယ်။ နောက်ပြီး ဒီကားရိုက်တော့မယ်ဆိုကတည်းက တစ်လလောက်ကြိုပြီး အိုက်တင်ထရိန်နာတွေခေါ်ပြီး ဘယ်လိုဇာတ် ဝင်ခန်းတွေရိုက်မယ်၊ ဘယ်လို အိုက်တင်မျိုးတွေလုပ်ရမယ်ဆိုတာ လေ့ကျင့်ထားပြီးသား။ အဲဒီအတွက် အသစ်တစ်ယောက်လိုတော့ဖြစ်မှာ မဟုတ်ဘူးထင်တယ်။
မေး- တီတီအင်န်ဒိုးနတ်ရုပ်ရှင်က ထိုင်းနိုင်ငံမှာ သွားရိုက်မယ်။ ရိုက်မှာကလည်း ထိုင်းနိုင်ငံက ပညာရှင်တွေဆိုတော့ ပြည်တွင်းမှာရိုက်တာနဲ့ယှဉ်ရင် ဘယ်လိုအခက်အခဲတွေ ရှိနိုင်မယ်ထင်လဲ။
ဖြေ- ဘာသာစကားအခက်အခဲကလွဲရင် တခြားအခက်အခဲတော့ ဘာမှမရှိပါဘူး။ သူတို့တွေနဲ့ ရိုက်တဲ့အခါ ဒီမှာရိုက်တာထက်ကို ပိုပြီးအဆင်ပြေမှာ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့တွေက ဘယ်နေရာမှာ ဘယ်ဆင်းန် ဆိုတာကို တရားဝင်စာတွေတင်ပြီး လုပ်ထားတာဆိုတော့ စနစ်တကျနဲ့ အဆင်ပြေပြေရှိမှာ။ ဒီမှာကမှ လေ ဆိပ်ရိုက်ချင်ရင် ပြဿနာတက်။ ဒီကားအတွက်ဆိုရင်လည်း ပရိုဂျူဆာကိုသက်ပြောသလို ဗိုလ်တထောင်ဘုရား မှာ ရိုက်ခွင့်ရဖို့ တော်တော်လေးကို ခက်ခက်ခဲခဲကြိုးစားနေကြရတယ်။ ဟိုမှာကတော့ သူ့စည်းမျဉ်းစည်း ကမ်းနဲ့သူရှိပြီးသားဆိုတော့ ဘယ်အရာမှ ခက်ခဲမှာမဟုတ်ဘူး။
မေး- မြန်မာနိုင်ငံအနေနဲ့ နိုင်ငံတကာရုပ်ရှင်ဈေးကွက်ကို ထိုးဖောက်နိုင်ဖို့ဆိုရင် ဘယ်လို လိုအပ်ချက်တွေ ရှိနေတယ်လို့ သုံးသပ်မိလဲ။
ဖြေ- အဓိကကတော့ စက်ပစ္စည်းပိုင်းဆိုင်ရာတွေနဲ့ စည်းစနစ်ကျကျ ပရော်ဖက်ရှင်နယ်ဆန်ဆန် ဇာတ် ကားတစ်ကားကို ဘယ်လိုရိုက်ကြမလဲဆိုတဲ့ စနစ်တွေမှာပဲ အားနည်းချက်တွေရှိနေတာ။ အနုပညာသ မားတွေရဲ့အရည်အသွေးပိုင်းက တခြားနိုင်ငံတွေထက် လုံးဝမညံ့ဘူး။ သာတောင်သာသေးတယ်။ ကျွန်တော်တို့က စက်မှုပိုင်းဆိုင်ရာကို ဘယ်လိုသုံးကြမလဲ။ စက်ပစ္စည်းတွေကို သုံးနိုင်တဲ့လူတွေလိုတယ်။ နောက်ပြီး ရှုတင်ကို ဘယ်အချိန်ရောက်ရမယ်။ ဘာပြီးရင် ဘာရိုက်မယ်ဆိုတဲ့ ပြင်ဆင်မှုတွေ အဲဒီအပိုင်းတွေမှာပဲ လိုအပ်နေတာ။ အဲဒီအပိုင်းတွေသာ ဖြည့်ဆည်းနိုင်ရင် ကျွန်တော်တို့က သူတို့ထက် အများကြီးသာသွားမှာ။
မေး- ပြီးခဲ့တဲ့တစ်နှစ်လုံး ရုပ်ရှင်မရိုက်ဖြစ်ခဲ့ပေမယ့် ဒီနှစ်ထဲမှာတော့ နှစ်စမှာတင် ရုပ်ရှင်တွေ ဆက်တိုက် ရိုက်နေတယ်။ အခုရိုက်နေတဲ့ ရာဇဝင်ရိုင်းသူများ ဇာတ်ကားအကြောင်းကိုလည်း ပြောပြပေးပါဦး။
ဖြေ- ဒီကားကလည်း တကယ်ကိုထူးခြားတဲ့ ဇာတ်ကားတစ်ကားဖြစ်မှာပါ။ အတွဲမှာကိုက ထူးခြားတယ်။ ကျွန်တော်ရယ်၊ မြင့်မြတ်ရယ်၊ လိုင်လာခန်းရယ်၊ ပက်ထရစ်ရှာရယ်ဆိုတော့လေ။ နောက်ပြီး ဇာတ်အနေနဲ့ ကလည်း အားပြိုင်မှုတွေ အရမ်းများတယ်ဆိုတော့ ပရိသတ်စိတ်ဝင်စားမယ့် ဇာတ်ကားတစ်ကားပါ။ ဒီကားအတွက် ကျွန်တော်တို့ သေသေချာချာစဉ်းစားပြီး ပြင်ဆင်ထားတာဆိုတော့ ပရိသတ်စိတ်ဝင်စားမှာ ပါ။ ကျွန်တော့်ရဲ့ကာရိုက်တာအနေနဲ့ကလည်း ကောင်မလေးတစ်ယောက်ကို တကယ့်ဖြူဖြူစင်စင် နှစ်နှစ် ကာကာ ချစ်ခဲ့တယ်။ ဒါပေမဲ့ မမျှော်လင့်ပဲ ကိုယ့်ကို သစ္စာဖောက်သွားတဲ့အခါ လက်စားချေတတ်တဲ့၊ ရက်စက်တတ်တဲ့ လူတစ်ယောက်အဖြစ် သရုပ်ဆောင်မှာပါ။
မေး- ဇာတ်လမ်းကောင်းကောင်းတွေဆိုရင် အစ်ကိုနဲ့တွဲပြီး ရိုက်တဲ့မင်းသမီးတွေက အကယ်ဒမီရတတ်ကြ တယ်ဆိုတော့ ဒီကားမှာပါတဲ့သူတွေကော အကယ်ဒမီရနိုင်မယ်ထင်လား။
ဖြေ- ပက်ထရစ်ရှာအနေနဲ့ကတော့ အတွေ့အကြုံအရမ်းနုနေသေးတယ်။ အဲဒါကြောင့် အကယ်ဒမီရဖို့ မဖြစ်နိုင်သေးဘူး။ လိုင်လာခန်းကလည်း သိပ်မပြောနိုင်သေးဘူး။ သေချာသလောက်ရှိတာကတော့ မြင့်မြတ်။ မြင့်မြတ်ကိုတော့ ဒီကားမှာ အကယ်ဒမီရစေချင်တယ်။ သူ့ကို အကယ်ဒမီရစေချင်လို့ ခေါ်ရိုက်တာ လို့လည်း အစောကြီးကတည်းက ကျွန်တော်ပြောထားတယ်။ သူက တကယ်တော်လည်း တော်တယ်။ အရည်အချင်းလည်း ရှိထားပြီးသားဆိုတော့ သူရနိုင်မယ်ထင်တယ်။ မင်းသမီးတွေဘက်ကတော့ ကုန်သလောက်ဖြစ်သွားပြီလေ။
မိုးဟေကိုကလည်း ဒီနှစ်မှာ အကယ်ဒမီရနိုင်ခြေရှိတယ်။ မိုးဟေကိုသာ အကယ်ဒမီရသွားရင် မင်းသမီးလေးယောက်စလုံးကို အကယ်ဒမီယူပေးနိုင်ပြီးသွားပြီဆိုတော့ မင်းသားတွေဘက်ကို ဘယ်သူတွေနဲ့လက်တွဲပြီး အကယ်ဒမီယူလို့ရမလဲဆိုတာ စိတ်ဝင်စားတယ်။ ဒီကားမှာတော့ မြင့်မြတ်အကယ်ဒမီရနိုင်မယ်လို့ထင်တာပဲ။
မေး- ဒီနှစ်အကယ်ဒမီပေးပွဲက ဝေဖန်မှုတွေရှိခဲ့တော့ ဒီနှစ်မှာ အကယ်ဒမီရခဲ့တဲ့ လူတစ်ယောက်အနေနဲ့ ဘယ်လိုခံစားရလဲ။
ဖြေ- ကျွန်တော့်ကိုအားပေးတဲ့ပရိသတ်တွေအတွက် တာဝန်ကျေအောင်ကြိုးစားနိုင်လို့ ကျွန်တော်အကယ် ဒမီရတာကို ဝမ်းသာကြတဲ့ပရိသတ်တွေအတွက် ဝမ်းသာရပါတယ်။ ဒါပေမဲ့ ကျွန်တော် အကယ်ဒမီရခဲ့လို့ စိတ်အနှောင့်အယှက်ရှိခဲ့တဲ့သူတွေရှိခဲ့ရင် သူတို့တွေအတွက် အရမ်းကို စိတ်မကောင်းဖြစ်မိပါတယ်။ ကျွန်တော်ကတော့ ကျွန်တော့်ဘဝမှာ ကျွန်တော့်ကြောင့် ဘယ်သူ့ကိုမှ စိတ်မဆင်းရဲစေချင်ဘူး။ ဒါက ကျွန်တော့်ရဲ့စိတ်ရင်းပါ။
မေး- ဒုတိယရင်သွေးလေးလွယ်ထားတဲ့ မအူဝဲရဲ့ အခြေအနေလေးကိုလည်း ပြောပေးပါဦး။
ဖြေ- ဒီကိုယ်ဝန်မှာ အရှေ့က ကိုယ်ဝန်တုန်းကနဲ့ မတူတာတွေတော့ တွေ့ရတယ်။ အရင်ကိုယ်ဝန်တုန်းက သူ ဘာမှ မခံစားလိုက်ရဘူး။ ဒီကိုယ်ဝန်မှာတော့ မူးတာမော်တာတွေ၊ ပျို့ချင်အန်ချင်တာတွေ ဖြစ်တယ်။
မေး- ပြေသုဒြာရဲ့ကိုယ်ဝန်ဆောင်ထားတဲ့အချိန်တုန်းက အဖြူရောင်ရဲတိုက်ရုပ်ရှင်ကားကြီးရိုက်ခဲ့တော့ ဒီတစ်ခါကော အမှတ်တရအနေနဲ့ မအူဝဲနဲ့ ဇာတ်ကားတွဲရိုက်ဖို့ အစီအစဉ်ရှိမလား။
ဖြေ- ဒီကိုယ်ဝန်နဲ့ကတော့ ရိုက်ဖို့အစီအစဉ်မရှိပါဘူး။ အူဝဲလည်း မရိုက်နိုင်ပါဘူး။
မေး- ပြေသုဒြာလေးအကြောင်းကော ပြောပြပေးပါဦး။
ဖြေ- ပြေသုဒြာကတော့ အရမ်းကိုတတ်ပြီး အရမ်းလည်း လိမ္မာရေးခြားရှိပါတယ်ကိုယ့်သမီးမို့လို့လားတော့မ သိဘူး။ အရမ်းလည်း ချစ်စရာကောင်းပါတယ်။
ကျေးဇူးတင်ပါတယ်။
ဇွဲဥာဏ် | 7 Day

မှတ်ချက်များ