တောင်ငူမြို့(၁၈)ရပ်ကွက် သပြေ စမ်း ၆ လမ်းနေ ဦးဇော်လင်းအောင် (၄ဝနှစ်)၏ (၃ထ၃)ပင် သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း၊ မြေစိုက်နေအိမ်တွင် မတ် ၁၈ ရက် နံနက် ၃ နာရီ မိနစ် ၅ဝ က အိမ်နောက်ဖေးမီးဖိုချောင် မီးကြွင်း မီးကျန်မှ မီးစတင်လောင်ကျွမ်းခဲ့သည်။ မီးလောင်ရာသို့ တောင်ငူမြို့နယ် အုပ်ချုပ်ရေးမှူး မြို့နယ် ရဲတပ်ဖွဲ့မှူး ဦးဆောင်သည့် ရဲတပ်ဖွဲ့ဝင်များ၊တောင်ငူမြို့နယ် မီးသတ်ဦးစီးမှူး ဦးဆောင်သည့် မီးသတ်သန္ဓေ ၂၂ ဦး၊ အရန် မီးသတ်တပ်ဖွဲ့ဝင် ၃ဝ၊ မီးသတ်ယာဉ်ရှစ်စီး၊ အထောက်အကူပြု ရေသယ်ယာဉ်တစ်စီး၊ မဟာမေတ္တာဖောင်ဒေးရှင်းမှ ရေသယ်ယာဉ်နှစ်စီးနှင့်ရပ်ကွက်နေပြည်သူများက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ နံနက် ၄ နာရီတွင် မီးညွန့်ကျိုး၍ နံနက် ၄ နာရီ ၁၅ မိနစ်တွင် မီးလုံးဝငြှိမ်းသတ်နိုင်ခဲ့သည်။
မီးလောင်မှုကြောင့် (၃ထ၃)ပင် သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်းမြေစိုက် နေအိမ်ငါးလုံး မီးလောင်ဆုံးရှုံးခဲ့သည်။ မီးဘေးသင့်ခဲ့သည့် အိမ်ထောင်စုငါးစုမှ မိသားစုဝင်များကို တောင်ငူမြို့ ၁၈ ရပ်ကွက် သပြေစမ်းဘုန်းကြီး
ကျောင်းတွင် ယာယီနေထိုင်ရန် စီစဉ်ထားရှိသည်။ မီးပေါ့ဆစွာ အသုံးပြုခဲ့သည့် နေအိမ်ပိုင်ရှင် ဦးဇော်လင်း
အောင်အား ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိပြီး မီးလောင်မှုကြောင့် လူထိခိုက်သေဆုံးမှုမရှိ
ကြောင်း သက်ဆိုင်ရာမြို့နယ် ရဲစခန်းမှသိရသည်။
သူရ(တောင်ငူ) - Myanmaalinn
သူရ(တောင်ငူ) - Myanmaalinn
.jpg)
မှတ်ချက်များ